Saturday, November 2, 2013

Ubuntu ပေါ်မှာ LAMP – Apache, Mysql & PHP server တည်ဆောက်ရအောင်

                မင်္ဂလာပါ ။ကျွန်တော်အိုင်တီပင်လုံသားပါ ။ဒီနေ့ Ubuntu ပေါ်မှာ LAMP Server တင်နည်းကိုပြောပြမှာဖြစ်ပါတယ်။ Desktop တင်မကပဲ Server (web application တွေ တည်ဆောက်ရမှာပါ , VPS, Dedicated hosting အသုံးပြုမှု) မှာပါ Ubuntu က အခုဆိုရင် တော်တော့်ကို ပေါ်ပြူလာဖြစ်လို့လာပါတယ်။ Ubuntu ထုတ်လုပ်သူတွေကတော့ ပုံမှန်ထွက်ရှိနေတဲ့ Version တွေထက် LTS(Long Term Support ၅ နှစ်ကြာ support) သုံးဖို့ အကြံပြုကြပါတယ်။ ဒါပေမယ့်လည်း Ubuntu 12.04 LTS ကတော့ Desktop မှာပါ ၅ နှစ်ကြာ support ပေးမှာဖြစ်ပါတယ်။

ဘယ်လိုပဲပြောကြပြောကြပါ။ ရိုးရိုးအသုံးပြုသူတွေကော Developer တွေကပါ သူတို့ရဲ့ localhost Testing/developement (wordpress,joomla အသုံးပြုသူတွေ) အတွက်ပါ Apache, PHP, Mysql, phpMyAdmin ကို ubuntu 11.10 နဲ့ ဘယ်လိုတင်ပြီး ဘယ်လို အသုံးပြုမလည်း ဆိုတာကို ဒီစာရရည်ရွယ်ပါတယ်။


Apache ကတော့ ပေါ်ပြူလာအဖြစ်ဆုံး Web Server ဖြစ်ပြီး website အားလုံးရဲ့ ၆၅% က Apache ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ Apache က တော့ အခမဲ့ဆော့ဝဲလ် ဖြစ်ပြီး platform(Linux,Mac,Windows) မရွေး အသုံးပြုလို့ ရတဲ့ Web Server ဖြစ်ပါတယ်။ Server side language (PHP,Python, etc…) တော်တော်များများကိုလည်း extensible modules တွေနဲ့ထပ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ website တွေမှာ အသုံးအများဆုံးဖြစ်တဲ့ PHP နဲ့ ပေါ်ပြူလာ အဖြစ်ဆုံး MYSQL အခမဲ့ Database ကို အခြေခံထားတဲ့ Website (အခုဖတ်နေတဲ့ webiste အပါအ၀င်) တွေကတော့ Linux, Apache, MySQL နဲ့ PHP ကို ပေါင်းစပ်ထားတာပါ။ LAMP server လို့ အတိုမှတ်ပြီးခေါ်လိုက်တာပါ။

Ubuntu 11.10 မှာ LAMP ကို setup စလုပ်ကြည့်ရအောင်။

အဆင့် ၁ ။ Installing Apache



Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install apache2

အဲဒီ Command ရိုက်လိုက်ရင် Apache ရဲ့ အခြေခံလိုအပ်တဲ့ modules,package နဲ့ libraries တွေကို Install လုပ်သွားမှဖြစ်ပြီး နောက်ထပ်လိုအပ်တာတွေကို တော့ နောက်အဆင့်တွေ မှာ ထပ်တင်ပါ့မယ်။ Apache သွင်းလိုက်တာ အောင်မြင်သွားလား စမ်းသပ်ကြည့်ရအောင်။ browser တစ်ခုဖွင့်ပြီး http://localhost လို့ URL bar မှာ ရိုက်ထည့်ကြည့်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရလျှင် Apache သွင်းတာ မှန်သွားပါတယ်။



အဆင့် ၂ ။ Installing Mysql

Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install mysql-server

Install လုပ်နေချိန်အတွင်း mysql အတွက် root password ထည့်ဖို့ လိုပါတယ်။ ထည့်ပေးလိုက်ပါ။







အဆင့် ၃ ။ Installing PHP
Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install php5 libapache2-mod-php5 php5-mysql

PHP5 engine, php-apache libiary, php mysql libiary တွေ သွင်းတာပါ။ ဒါမှ php က apache နဲ့ကော Mysql နဲ့ပါ အလုပ်တွဲလုပ်ပါလိမ့်မယ်။ တင်ပြီးသွားရင်တော့ Apache ကို Restart ပြန်လုပ်ရပါမယ်။ extensible modules တွေ ထပ်သွင်းထားတဲ့အတွက် တစ်ခုနဲ့ တစ်ခု သိအောင်ပါ။ အောက်ပါ command အတိုင်း apache ကို restart လုပ်နိုင်ပါတယ်။

#sudo /etc/init.d/apache2 restart

စမ်းသပ်နည်း ၁။
PHP5 သွင်းတာ အောင်မြင်ရဲ့လား လို့ စမ်းကြည့်ရအောင်။ /var/www/ ထဲမှာ phpinfo.php ဆိုပြီး ဖိုင်တစ်ဖိုင် ပြုလုပ်ပါ။ ပြီးတော့ အောက်ပါ ကုဒ်ကို အဲဒီဖိုင်မှာ ရေးပြီး save လုပ်လိုက်ပါ။
<?php
print_r (phpinfo());
?>

ဒီအဆင့်မှာ file permission တွေ ပြဿနာ အနည်းငယ်ရှိပါတယ်။ /var/www/ က Apache ရဲ့ Default Document Root ပါ။ အဲဒီအထဲမှာ file တစ်ခုလုပ်မယ်ဆိုရင် super user mod လိုအပ်ပါတယ်။
ပြီးတော့ browser ကနေ ပြီးတော့ URL bar မှာ http://localhost/phpinfo.php ဆိုပြီး ဖွင့်ကြည့်ပါ။ အောက်ပါ ပုံအတိုင်းမြင်ရလျှင် LAMP တင်တာ အောင်မြင်ပါပြီ။

စမ်းသပ်နည်း ၂။
/var/www/ ထဲမှာ Folder တစ်ခုပြုလုပ်မယ်။
folder premission ကို ပြောင်းမယ်။
phpinfo.php ဖိုင်တစ်ခုလုပ်မယ်။ ကုဒ်ရေးမယ်။
Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo mkdir /var/www/project/
#sudo chmod 777 -Rf /var/www/project/

အဲဒီ Command နှစ်ခုရိုက်ပြီးရင် GUI ကနေ အသုံးပြုလို့ရပါပြီ။
Nautilus(file brower) ကို ဖွင့်ပါ။ File System > var > www > project ကို သွားပါ။ Right click > Create New Document တစ်ခုယူပါ။ phpinfo.php လို့နာမည်ပေးပါ။ Right click > Open with Text editor (Gedit ဒါမှ မဟုတ် တစ်ခြား တစ်ခုခု) နဲ့ဖွင့်ပါ။ အောက်ပါ ကုဒ် ကို Copy and Paste လုပ်ပါ။

<?php
print_r (phpinfo());
?>

Save လုပ်ပါ။

ပြီးတော့ browser ကနေ ပြီးတော့ URL bar မှာ http://localhost/project/phpinfo.php ဆိုပြီး ဖွင့်ကြည့်ပါ။ အောက်ပါ ပုံအတိုင်းမြင်ရလျှင် LAMP တင်တာ အောင်မြင်ပါပြီ။


နောက်တစ်ခုကတော့ MYSQL database ကို GUI နဲ့ အသုံးပြုလို့ရအောင် phpMyAdmin (MYSQL web administration tool) တင်ရအောင်။

Command ရိုက်လို့ ရအောင် Terminal တစ်ခုဖွင့်မယ်။ (Ctrl+Alt+T)

#sudo apt-get install phpmyadmin

Install လုပ်နေချိန်အတွင်း MYSQL root password ထည့်ပေးဖို့လိုပါတယ်။
ပြီးလျှင် browser ကနေ http://localhost/phpmyadmin/ ဆိုပြီး သွားကြည့်ပါ။ Mysql user name(default root) နဲ့ Mysql တင်တုန်းက ပေးထားတဲ့ password ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် MYSQL မှာ database အလွယ်တစ်ခု တည်ဆောက်လို့ရသွားပါတယ်။

LAMP ကို local က ကိုယ့်စက်ထဲ Install လုပ်ပြီး စမ်းကြည့်တာ ဘာတွေ အကျိုးအမြတ်ရနိုင်မှာလည်း၊ Apache Friends(xampp) နဲ့လည်းလုပ်လို့ရတာပဲလို့ ပြောစရာ ရှိပါတယ်။ အခုဆိုရင် Server တွေ မှာ Cpanel နဲ့ သုံးတဲ့ share server တွေလိုပဲ VPS hosting တွေက ဈေးပေါပေါနဲ့ ရနေပါပြီ။ အခု local မှာ လုပ်သလိုပဲ Server မှာလည်း အလွယ်တကူ command နည်းနည်းပါးပါး ရိုက်တတ်ယုံနဲ့ကိုပဲ ကိုယ်ပိုင်ဆာဗာ ကို စိတ်ကြိုက် ပြုပြင် သုံးစွဲလို့ရနိုင်ပါတယ်။ ဥပမာ၊ Linode VPS @ $19.95/month (512 MB RAM, 20 GB space and 200GB bandwidth)

Credit To , Opentechmm.

0 comments:

Post a Comment