Saturday, October 12, 2013

Facebook အကောင့်ဖွင့်နည်း အသစ် သတိ ဖုန်းမလို...


မင်္ဂလာပါဗျာ...ကျွန်တော်ကောင်းခန်.ပါ ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အထူးအစီအစဉ်အနေနဲ.တင်ပေးချင်တာကတော့ facebook အကောင့်ဖွင့်နည်းအသစ်ပဲဖြစ်ပါတယ် ကျန်ခဲ့တဲ့ ပို.စ်တွေမှာလဲ ကျွန်တော် တင်ပေးခဲ့ပြီးပါပြီ ဒီနည်းလေးကတော့ လူသိပ်မသိသေးတဲ့ နည်းလမ်းအသစ်လေးမို. ပါ ....ကဲ့စလိုက်ကြရအောင်ဗျာ
အရင်ဆုံး ဒီပို.စ်လေးအတွက် Computer and mobile 4 u မှ Sai Dai Hack ကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောပါရစေဗျာ...ပထမဆုံးကျွန်တော်တို. facebook အကောင့်ဖွင့်ဖို.အတွက် email တစ်ခုလိုအပ်ပါမယ် အခု နည်းက google ကနေသွားပြီးတော့ google mail နဲ.ဖွင့်ရတာမဟုတ်ပါဘူး http://www.mail.com/int/ ဆိုတဲ့နေရာကိုအရင်ဝင်လိုက်ပါ...
                  အနီနဲ.၀ိုင်းပြထားတဲ့ Get your free account ဆိုတဲ့နေရာကို အရင်ဝင်ပါ
ပြီးရင်လိုအပ်တာလေးတွေအကုန်ဖြေပေးပါ ဒီနေရာမှာတစ်ခုပြောချင်တာက email လိပ်စာမှာ ရွေးချယ်ခွင့်အများကြီး သူကပေးထားပါတယ် ဥပမာ မိမိနံမည်@linuxmail.org တို. @cyberservices.com တို. @webname.com တို.လိုမျိုး နံမည် လန်းလန်းလေးတွေနဲ. ရမှာပါ မှတ်ရလွယ်တာတော့ ရွေးပေါ့နော်.... ပြီးသွားရင်တော့ I Accept.Create My Account ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ပါ မှားနေရင်တော့ မှားနေတဲ့နေရာပြန်သွားပြင်လိုက် ဒါဆို အိုကေပြီ နော် facebook က ခွင့်ပြုတဲ့ email တစ်ခု ပိုင်ဆိုင်ပြီလို.ယူဆလို.ရပါပြီ  အခု ဖွင့်တဲ့mail နဲ.ပက်သက်လို.တော့ ကျွန်တော်ကိုယ်တိုင်လဲလေ့လာဆဲ ဖြစ်လို. တခြား အားနည်းချက်အားသာချက်တွေတော့ဘာမှမသိသေးပါဘူးဆိုတာလဲ ကြိုတင်ဝန်ခံပါရစေဗျာ။ အားလုံးပြီးသွားရင်တော့ အကောင့်ကိုပြန်မထွက်ပဲ ပုံမှာပြထားတဲ့နေရာလေးကနေ facebook အကောင့်သစ်ဖွင့်မယ်ဗျာ sing up လုပ်လိုက်ပါ

အကောင့်စဖွင့်ဖို. facebook home page ကျလာလိမ့်မယ် ပုံမှန်ဖွင့်နေကြအတိုင်းပဲ ဖြည်.ပါ email နေရာမှာတော့ ခုန ဖွင့်ထားတဲ့ email လိပ်စာ နှစ်ခါရိုက်ထည်.ပေးရပါမယ် ပြီးသွားရင်တော့ Create My Account သာရဲရဲ နှိပ်ချလိုက်ပါ မွေးနေ.မွေးလ မွေးရက်ကိုတော့ facebook နဲ. email တူတူ ပဲထည်.ပေးပါ နံမည်ကို လဲ မြန်မာ အက္ခရာနဲ. အသုံးပြုခြင်း ရှောင်ကျဉ်ပါ facebook အကောင့်အသစ်တစ်ခု ဖုန်းနံပါတ်မလိုပဲပိုင်ဆိုင်နိုင်ပါပြီ။ပိုင်ဆိုင်နိုင်ပြီဆိုလို. မပြီးသေးပါဘူး ဆက်လျှာရှည်အုံးမှာပါ ..တကယ်လို. အကောင့်မပွင့်ပဲ ဖုန်းနံပါတ်တောင်းနေမယ်ဆိုပါက အစကနေပြန်စလိုက်ပါ အခုထိကျွန်တော်စမ်းသပ်ပြီးသလောက်တော့ ဘာ error မှမတွေ.သေးပါဘူး တကယ်လို. error တစ်စုံတစ်ခု တွေ.ရှိပါက အောက်က comment box မှာသာပြောခဲ့ပေးပါ တခြားစာဖတ်သူများလည်လေ့လာနိုင်အောင်ပါ ။facebook ဖွင့်တာအောင်မြင်သွားပြီဆိုပါစို. ပထမအဆင်အနေနဲ. email ထဲက fri ရှာခိုင်းတယ်ဗျာ skip နှိပ်ပြီးကျော်လိုက်ပါ ဒါဆိုရင် အောက်ကပုံလေးလို မြင်ရမယ်ဗျာ


ဒါဆိုရင် အကုန်သာဖြည်ပေးပါ အတက်နိုင်ဆုံးမကျော်တာအကောင်းဆုံးပါ email ထဲမှာတော့ fri မရှိတဲ့အတွက်ကျော်ပစ်တာပါ ပြီးသွားရင် save ကို နှိပ်ပါ သူငယ်ချင်းရှာတဲ့အဆင်ရောက်ပါပြီ


ပထမဆုံး အယောက် နှစ်ဆယ်လောက် default ရှာပြီး request လုပ်ပေးလိုက်ပါ ပြီးသွားရင် Like လုပ်ခိုင်းပါပြီ
                  အခုနှစ်ဆယ်လောက်လုပ်ပေးလိုက်ပါ တွေ.သမျှသာ Like လုပ်ပေးလိုက်ပါ
            ဒါဆိုပုံတင်ခိုင်းပါပြီ ပရိုဖိုင် ပုံအသုံးပြုမဲ့ပုံတစ်ပုံလောက် Upload a Photo ဆိုတာနှိပ်တင်လိုက်ပါ
ပြီးသွားရင်တော့ Save ပေါ့ ဒါဆိုအကောင့်ပွင့်သွားပါပြီ email ထဲမှာ facebook ကပို.လိုက်တဲ့ mail နှစ်စောင်ရောက်နေပါတယ် အောက်က ပုံမျိုးပါတဲ့မေးလ် ကိုရှာပါ ပြီးရင်တော့
Confirm Your Account ဆိုတာကို နှိပ်လိုက်ပါ ဒါဆိုရင် New Tab တစ်ခုနဲ. facebook အကောင့်ပွင့်လာပါမယ် ဒါဆို သင့်အကောင့်ဟာ Confirm ဖြစ်သွားပါပြီ ခုန request လုပ်ခဲ့သမျှ Like လုပ်ခဲ့သမျှ အလုပ်စလုပ်ပြီလို.ပြောလို.ရပါပြီ သင့်အကောင့်စသုံးလို.ရသွားပါပြီ .........အားလုံးပဲအဆင်ပြေပါစေဗျာ ..............................
ဒီနေရာမှာကျွန်တော်ပြောချင်တာလေးကတော့ အခုဖွင့်လိုက်တဲ့ email အကြောင်းကျွန်တော်ကောင်းကောင်းမသိသေးတဲ့အတွက် ဘယ်လိုerror မျိုးတွေကြုံလာမယ်ဆိုတာ မပြောနိုင်တဲ့အတွက် မိမိတို.facebook  အကောင့်တွေကို gmail တစ်ခုနဲ.ပါ ထပ်ချိတ်ထားစေချင်ပါတယ် 

35 comments:

gmail တစ်ခုနဲ့ထပ်ချိတ်ထားစေချင်တယ်ဆိုတာဘယ်လိုချိတ်ရမလဲဟင်

password ပေးတဲ့နေရာမှာသူကစည်းမျဉ်းတွေနဲ့ဗျ

account open pi ma ,verify mail fit thawr tal , phone no , taung nay par tal
how to do

အကောင့်ကဖောက်ရပါတယ်...ဖေ့ဘုတ်အကောင့်က...ဘေးမှမပေါ်ဘူးဖြစ်နေတယ်..ဘယ်လို.လုပ်ရမလဲ..အကို...........please..

account settings >> security >> email မှာ edit လုပ်ပြီး အကောင့်ထပ်ချိတ်လို.ရပါတယ် ချိတ်ထားတဲ့ အကောင့်အသစ်ထဲကို mail ရောက်ရင် confirm ၀င်လုပ်ပေးရုံပါပဲ

ဟုတ်ပါတယ် ပြောဖို.ကျန်ခဲ့လို.ပါ....အခုလို ၀င်ထောက်ပြတာကျေးဇူးတင်ပါတယ်

You registration could not be processed at the moment.Please try again later လို့ပဲပေါ်နေတယ်အကို။

အကို ပြောတဲ့ အဓိပ္ပါယ် သိပ်မရှင်းဘူး အကို သေချာလေးမေးပေးပါ

လိုင်းမကောင်းတာလား ဘယ်လိုဖြစ်တာလဲ အကို သေချာပြည်.စုံအောင်ဖြည်.ပေးပါ ဒီmail က ဖွင့်ရတာ အရမ်းလွယ်ပါတယ် မရရင်မရတဲ့ အဆင့် ကိုပြန်ပြင်လိုက်ပါ ဥပမာ နံမည်လိုဟာမျိုးပေါ့ နိုင်ငံလဲကိုယ်ကြိုက်တာရွေးပေးလို.ရပါတယ်

အသစ်က ပြန်စဖွင့်ကြည်.ပါ ကျွန်တော်ပြောထားတဲ့အဆင့်တိုင်းကို လုပ်ပေးပါ အကောင့်ပွင့်သွားတာနဲ.တန်းမသုံးပါနဲ. mail ထဲတစ်ခေါက်သွားပြီး confirm ဆိုတာကို နှိပ်ပေးလိုက်ပါ new tab အနေနဲ.ဖေ့ဘုတ်အကောင့်ပေါ်လာမယ် အဆင်ပြေပါစေဗျာ

me too,လိုင်းလည်းကောင်းပါတယ်

password က ဘယ်လိုပေးရင်ရသလဲ

ဥပမာ အကို အခုသုံးတဲ့ နာမည်မျိုး myantenna ဆိုပြီးပေးလဲရပါတယ် အဆင်ပြေသလိုပေါ့

စ၀င်ကတည်းကget your free accountကိုမတွေ့ တာ..ဘယ်နားမှာလဲ

အစ်ကို password ကမရဘူးဖြစ်နေတယ် ဘာလုပ်ရမှာလဲ

password က အဆင်သတ်မှတ်ချက်ပါ အက္ခရာ အသေး ရှစ်လုံးလောက်ပါရုံနဲ.တင်ရပါတယ် ဥပမာ ကျွန်တော်တို. ဖေ့ဘုတ်မှာသုံးတဲ့ password မှာဆိုရင် poor တို. strong တို.ဆိုတာမျိုးကိုဆိုလိုတာပါ အမှန်ခြစ်တစ်ခုပေါ်ရင်ရပါပြီ

ပုံမှာ အနီနဲ.၀ိုင်းပြထားပါတယ် ဗျာ အသေးစိတ်လေ့လာပြီးမှလုပ်ပါ အဆင်ပြေပါစေဗျာ

This comment has been removed by the author.

Email Password မှာ သတ်မှတ်ထားတဲ့ အချက် ၄ ချက် လုံး ပြည့်စုံအောင် ထည့်ပါတယ် ...
၁ ချက် ချင်း လည်း ပြည့်စုံအောင် ပေးပြီး ထည့်ကြည့်ပါတယ် ...
ဒါပေမဲ့ မရဘူး ဖြစ်နေတယ် ဘယ် Password ကိုမှ လက်မခံပေးဘူး :-(

This comment has been removed by the author.

your answer နေရာမှာဘာရေးရမှာလဲအကို ပြောပြပါဦးဗျာ

ကြိုက်တာရွေးလို.ရတယ် ကြိုက်တာဖြေလို.ရတယ်အကို ဒီအပိုင်းက ပုံမှန်လုပ်ရတဲ့အပိုင်းမို. ထည်.မရေးဖြစ်တာ

စာလုံးအကြီးအသေး @# 1245 ဒါတွေေ၇ာက်ပီးပေးပါ

ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို ကျွန်တော်လိုချင်နေတာကြာပါပြီ account သစ်က လုပ်ရတာအဆင်မပြေဘူးဖြစ်နေလို့ပါ အစ်ကိုလမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်

Your regustration could not be processed at the moment. Please try again later. ပြန်ပြန်လာနေတယ်ဗျ ဘာဖြစ်လို့လဲ အကို ဘယ်လိုလုပ်ရမှာလည်း ကျနော့်ပြေပြပါဦးဗျာ။ ကျနော်အဲဒါနဲ့ တိုင်ပတ်နေတယ် အကို။

Your registration could not be processed at the moment. Please try again later. လို.ပေါ်နေတယ် bro ဘယ်လိုလုပ်ရမလဲ

တစ်ခုခုဖြေဖို.လိုနေလို.ထင်တယ် သေချာလေးအစကနေပြန်လုပ်ကြည်.ပါအုံးဗျာ အဆင်ပြေတဲ့လူတွေလဲ ပြန်လည်ဝေမျှကြပါ ကြုံတွေ.တဲ့ အခက်အခဲလေးတွေပေါ့

စာလုံးအကြီးအသေး @#$$!1244 ဒါတွေအားလုံးထည့်ပေးပါ။
ဥပမာ Starflow$%2012

ရသွားပြီအစ်ကိုရေ ကျေးကျေးပါ အကုန်အဆင်ပြေပါတယ်

Your registration could not be processed at the moment. Please try again later
phyit nay par tal byar help me !!!!

ဖေ့ဘုတ်အကောင့်က ဖွင့်လို့မရဘူး အကိုရေ...အကိုပြောတဲ့ ဆိုဒ်ရဲ့ အကောင့်တော့ရတယ် ဖေ့ဘုတ်အကောင့်သစ်ဖွင့်လို့မရဘူး....
The account that owns the email address you entered has been disabled. အဲလိုပေါ်လာတယ်ဗျာ..ကူညီပါအုန်း

ကျေးဇူတင်ပါရယ် အခု့ပိုင်ရှင်းပြပီးရယ်အတွက်ကောင်းလေးစားပါယင့်

မရဘူးဗျာ..password ကအဲနေရာကိုမကျော်ဘူး

Post a Comment