Showing posts with label Hacking. Show all posts
Showing posts with label Hacking. Show all posts
Saturday, April 26, 2014
DDos Concept for Noobs
မင်္ဂလာပါဗျာ ဒီပိုစ်လေးကိုတော့ Bro   MSF REVOLT ရဲ.ဆိုဒ်က ကူးလာတာပါ အရမ်းကောင်းလို.ပါ
--------------------------------------------------------------------------------------------------
ဒါကတော့ ကျနော့် ဆရာလည်းဖြစ် လေးလည်းလေးစားရတဲ့ ကိုရု ရဲ့ ရေးသားထားတာလေးပါ
DDos ကိုနားမလည်သေးသူတွေအတွက်တော့ တကယ် ကောင်းတာမို့ ရှဲလိုက်ပါတယ်
မူရင်းအတိုင်းဘဲ ပုံစံမပျက်ပြန်တင်ပေးထားပါတယ်
ဒီ Tutorials ကို ဟက်ကင်းကိုလုံးဝမသိသေးသောသူများ DDos ရဲ့အလုပ်လုပ်ပုံကိုသိစေရန်ရည်ရွယ်ရှ်ရေးသားခြင်းဖြစ်သည်
Education အတွက်ရည်ရွယ်ရေးသားခြင်းဖြစ်သည် ကိုယ်လုပ်သမျှကိုကိုယ်သာခံရမည် ကျွန်တော်နဲ့သက်ဆိုင်မှုမရှိပါ ဟီး
ဒါကြောင့် Localhost မှာစမ်းပြထားတာ မှတ်ပြီလား
ကဲ့ DDos တိုက်တယ်ဆိုတာကြားဖူးပါတယ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကတော့အရင်ကကျွန်တော်လည်း သိပ်ပြီးမသိပါဘူးအခုလည်းဝါးဝါးလေးပါပဲ့
သိတာကတော့ဗျာ Tools တွေဒေါင်းပြီး ip တွေရိုက်ထည့်ချတယ် ပြီးတော့ start ကိုနှိပ်လိုက်တယ် ဒါပဲ့ ပြီးပြီလားဆိုတော့ အင်းပြီးပြီးတဲ့ ဒီအတိုင်းထားလိုက်ဆိုပဲ့
အမယ်မယ် ဒီလိုမျိုးကျတော့လည်းလွယ်သားဟ လို့စိတ်ထဲ့ကထင်မိတယ်ဟီး ပြီးတော့ Connection စုတ်ပြတ်သတ်နဲ့ကိုယ်တိုက်ထားတဲ့ website ကို reloading လုပ်ပြီး
ကြည့်ရတာလည်းအမောပါပဲ့ website Down သွားပြီးလားဆိုပြီးတော့လေ ဒီကြားထဲ့ connection မကောင်းလို့ Website ကမတက်တာကို ကိုယ်တိုက်လိုက်လို့ကျသွားတယ်လို့ထင်တယ်
ဟီး မှတ်မိသေးတယ် တစ်ခါက အဲလိုမျိုးစမ်းတုန်းက ကိုယ်မှာကလိုင်းကျနေတယ် ကိုယ်တိုက်တာ မှန်ပြီးဆိုက်ဒေါင်းသွားပြီထင်လို့ သူငယ်ချင်းတစ်ယောက်ကို ဒီဆိုက်ဒေါင်းသွားပြီးလားလို့မေးတော့
ဟီး မင်းဆိုက်ကတက်လာလိုက်တာမြန်လိုက်တာတဲ့ ဒါနဲ့နည်းနည်းတော့စိတ်လေသွားတယ် သိပ်မကြာပါဘူးစက်လည်း Hun သွားပြီး Restart ချလိုက်ရတယ်
ကြုံလို့ပြောပြတာပါ ဟီး
DDos တိုက်နည်းများစွာရှိပါတယ်
အသုံးများတာကတော့ Tools တွေသုံးပြီးတိုက်တာများပါတယ် အထူးသဖြင့် Loic လို့ခေါ်တဲ့ DDos Tool ကလူသိများပါတယ် ဒါက စမ်းသပ်ဆဲကာလမို့ လူသစ်လေးတွေသုံးပါတယ်ဟီး
နောက်ပြီး script တွေသုံးပြီးတိုက်ပါတယ် Php သမားတွေက php နဲ့ ddos script တွေရေးကြတယ်
Perl ဆရာကြီးတွေက Perl နဲ့ ddos script တွေရေးကြပြီးတိုက်ကြတယ် နောက်ထပ်အများကြီးပါ ကျွန်တော်သူငယ်ချင်းတစ်ယောက်ကတော့ bot တွေသုံးပြီးတိုက်တယ်
ဒါက တစ်ယောက်တည်းသမားတွေသုံးတာပါ bot ကို Control လုပ်နိုင်တယ်ဆိုတာ တော်ရုံအရည်ချင်းနဲ့မရပါဘူး Expericence ကတော့ကျွန်တော်တို့ထက်ပိုပါတယ်
အချို့ကတော့ shell တင်ပြီးသား website တွေမှာ php bot တွေကပ်ပြီး ddos တိုက်ကြတယ် အဲဒီနည်းကိုသုံးတဲ့ဆရာတစ်ယောက်ကိုတော့တွေ့ဖူးတယ် MHU မှာပါ
နာမည်တော့ပြောတော့ဝူး ကျန်တာပြောရင်ကုန်မှာမဟုတ်တော့ဘူး
ကျွန်တော်ရေးထားတဲ့ Tutorial က very basic concept ပါပဲ့
စရအောင်
Website တိုင်းမှာသူတို့ရဲ့ခံနိုင်ရည်အားဆိုတာရှိတယ်  အဓိကတော့ Server ပေါ့
အဲဒါကိုသာတိုက်နိုင်ရင် အဲဒီ website ဒေါင်းပါပြီ
ဥပမာ ကျွန်တော်က  တိုက်တစ်လုံးကို ကားနဲ့သွားတိုက်လို့ရတော့ကားပဲ့ပိန်သွားမှာပေါ့
ဒါပေမယ့် တဲ့တစ်လုံးကိုတိုက်ရင်ကောတဲ့မပြိုနိုင်ဘူးလား ????
သူရဲ့ ခံနိုင်အားအပေါ်မူတည်ပြီးတိုက်မှသာ DDos ရဲ့အစွမ်းကပိုပေါ်လွင်မှာပါ ဒါကြောင့် Social Engineering ကိုလေ့လာပါလို့ပြောပါ အဲဒါ ရည်းစားများတဲ့သူတွေ ကျွမ်းတယ်
ok ဒါတွေကျွန်တော်စိတ်မ၀င်စားပါဘူး တစ်ကယ်လို့ တိုက်ကိုကားနဲ့တိုက်လို့မပြိုရင် ဟီး လေယာဉ်နဲ့တိုက်ရင်ကော .. ? သေချာတယ်ပြိုမှာ ဟီး
အိုစမာဘင်လာဒင်တောင် လေယာဉ်နဲ့ အမြွာမျော်စင်ကိုဝင်တိုက်တာ မပြိုဘူးလား ဟီး ကြားထဲ့အမျိုးတွေကိုသတိရနေသေးတယ်  အဲကောင်လည်းသေပြီ  ကောင်းတယ်
စာရေးရင်နည်းနည်းဂေါက်သွားလို့လျှောက်ရေးထားတာပါ စိတ်ထဲမထားပါနဲ့
သင်ခန်းစာစမယ်
ပထမဆုံး loaclhost အလုပ်လုပ်ဖို့ အတွက် xampp ကို စပြီး Run လိုက်ပါ
အောက်ကလိုမျိုး loaclhost run ရင် server တက်လာလိမ့်မယ်
ပြီးရင် RDos Tool လေးကိုဖွင့်ပြီးအောက်မှာပြထားတဲ့အတိုင်း ip => 127.0.0.1 , port => 80ဆိုပြီးရိုက်ထည်လိုက်ပါ
1 မိနစ်လောက်ကြာရင် localhost ကိုပြန်ခေါ်ကြည်ပါဦး မတက်တော့ပါဘူး
Thanks for Readings
Written by cyberoot
www.cyberoot.blogspot.com
I can't attack cos i am offline :)
Credit to=> Downfall(Myanmar Security Forum)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
DDos Concept for Noobs
မင်္ဂလာပါဗျာ ဒီပိုစ်လေးကိုတော့ Bro   MSF REVOLT ရဲ.ဆိုဒ်က ကူးလာတာပါ အရမ်းကောင်းလို.ပါ
--------------------------------------------------------------------------------------------------
ဒါကတော့ ကျနော့် ဆရာလည်းဖြစ် လေးလည်းလေးစားရတဲ့ ကိုရု ရဲ့ ရေးသားထားတာလေးပါ
DDos ကိုနားမလည်သေးသူတွေအတွက်တော့ တကယ် ကောင်းတာမို့ ရှဲလိုက်ပါတယ်
မူရင်းအတိုင်းဘဲ ပုံစံမပျက်ပြန်တင်ပေးထားပါတယ်
ဒီ Tutorials ကို ဟက်ကင်းကိုလုံးဝမသိသေးသောသူများ DDos ရဲ့အလုပ်လုပ်ပုံကိုသိစေရန်ရည်ရွယ်ရှ်ရေးသားခြင်းဖြစ်သည်
Education အတွက်ရည်ရွယ်ရေးသားခြင်းဖြစ်သည် ကိုယ်လုပ်သမျှကိုကိုယ်သာခံရမည် ကျွန်တော်နဲ့သက်ဆိုင်မှုမရှိပါ ဟီး
ဒါကြောင့် Localhost မှာစမ်းပြထားတာ မှတ်ပြီလား
ကဲ့ DDos တိုက်တယ်ဆိုတာကြားဖူးပါတယ် ဘယ်လိုအလုပ်လုပ်လဲဆိုတာကတော့အရင်ကကျွန်တော်လည်း သိပ်ပြီးမသိပါဘူးအခုလည်းဝါးဝါးလေးပါပဲ့
သိတာကတော့ဗျာ Tools တွေဒေါင်းပြီး ip တွေရိုက်ထည့်ချတယ် ပြီးတော့ start ကိုနှိပ်လိုက်တယ် ဒါပဲ့ ပြီးပြီလားဆိုတော့ အင်းပြီးပြီးတဲ့ ဒီအတိုင်းထားလိုက်ဆိုပဲ့
အမယ်မယ် ဒီလိုမျိုးကျတော့လည်းလွယ်သားဟ လို့စိတ်ထဲ့ကထင်မိတယ်ဟီး ပြီးတော့ Connection စုတ်ပြတ်သတ်နဲ့ကိုယ်တိုက်ထားတဲ့ website ကို reloading လုပ်ပြီး
ကြည့်ရတာလည်းအမောပါပဲ့ website Down သွားပြီးလားဆိုပြီးတော့လေ ဒီကြားထဲ့ connection မကောင်းလို့ Website ကမတက်တာကို ကိုယ်တိုက်လိုက်လို့ကျသွားတယ်လို့ထင်တယ်
ဟီး မှတ်မိသေးတယ် တစ်ခါက အဲလိုမျိုးစမ်းတုန်းက ကိုယ်မှာကလိုင်းကျနေတယ် ကိုယ်တိုက်တာ မှန်ပြီးဆိုက်ဒေါင်းသွားပြီထင်လို့ သူငယ်ချင်းတစ်ယောက်ကို ဒီဆိုက်ဒေါင်းသွားပြီးလားလို့မေးတော့
ဟီး မင်းဆိုက်ကတက်လာလိုက်တာမြန်လိုက်တာတဲ့ ဒါနဲ့နည်းနည်းတော့စိတ်လေသွားတယ် သိပ်မကြာပါဘူးစက်လည်း Hun သွားပြီး Restart ချလိုက်ရတယ်
ကြုံလို့ပြောပြတာပါ ဟီး
DDos တိုက်နည်းများစွာရှိပါတယ်
အသုံးများတာကတော့ Tools တွေသုံးပြီးတိုက်တာများပါတယ် အထူးသဖြင့် Loic လို့ခေါ်တဲ့ DDos Tool ကလူသိများပါတယ် ဒါက စမ်းသပ်ဆဲကာလမို့ လူသစ်လေးတွေသုံးပါတယ်ဟီး
နောက်ပြီး script တွေသုံးပြီးတိုက်ပါတယ် Php သမားတွေက php နဲ့ ddos script တွေရေးကြတယ်
Perl ဆရာကြီးတွေက Perl နဲ့ ddos script တွေရေးကြပြီးတိုက်ကြတယ် နောက်ထပ်အများကြီးပါ ကျွန်တော်သူငယ်ချင်းတစ်ယောက်ကတော့ bot တွေသုံးပြီးတိုက်တယ်
ဒါက တစ်ယောက်တည်းသမားတွေသုံးတာပါ bot ကို Control လုပ်နိုင်တယ်ဆိုတာ တော်ရုံအရည်ချင်းနဲ့မရပါဘူး Expericence ကတော့ကျွန်တော်တို့ထက်ပိုပါတယ်
အချို့ကတော့ shell တင်ပြီးသား website တွေမှာ php bot တွေကပ်ပြီး ddos တိုက်ကြတယ် အဲဒီနည်းကိုသုံးတဲ့ဆရာတစ်ယောက်ကိုတော့တွေ့ဖူးတယ် MHU မှာပါ
နာမည်တော့ပြောတော့ဝူး ကျန်တာပြောရင်ကုန်မှာမဟုတ်တော့ဘူး
ကျွန်တော်ရေးထားတဲ့ Tutorial က very basic concept ပါပဲ့
စရအောင်
Website တိုင်းမှာသူတို့ရဲ့ခံနိုင်ရည်အားဆိုတာရှိတယ်  အဓိကတော့ Server ပေါ့
အဲဒါကိုသာတိုက်နိုင်ရင် အဲဒီ website ဒေါင်းပါပြီ
ဥပမာ ကျွန်တော်က  တိုက်တစ်လုံးကို ကားနဲ့သွားတိုက်လို့ရတော့ကားပဲ့ပိန်သွားမှာပေါ့
ဒါပေမယ့် တဲ့တစ်လုံးကိုတိုက်ရင်ကောတဲ့မပြိုနိုင်ဘူးလား ????
သူရဲ့ ခံနိုင်အားအပေါ်မူတည်ပြီးတိုက်မှသာ DDos ရဲ့အစွမ်းကပိုပေါ်လွင်မှာပါ ဒါကြောင့် Social Engineering ကိုလေ့လာပါလို့ပြောပါ အဲဒါ ရည်းစားများတဲ့သူတွေ ကျွမ်းတယ်
ok ဒါတွေကျွန်တော်စိတ်မ၀င်စားပါဘူး တစ်ကယ်လို့ တိုက်ကိုကားနဲ့တိုက်လို့မပြိုရင် ဟီး လေယာဉ်နဲ့တိုက်ရင်ကော .. ? သေချာတယ်ပြိုမှာ ဟီး
အိုစမာဘင်လာဒင်တောင် လေယာဉ်နဲ့ အမြွာမျော်စင်ကိုဝင်တိုက်တာ မပြိုဘူးလား ဟီး ကြားထဲ့အမျိုးတွေကိုသတိရနေသေးတယ်  အဲကောင်လည်းသေပြီ  ကောင်းတယ်
စာရေးရင်နည်းနည်းဂေါက်သွားလို့လျှောက်ရေးထားတာပါ စိတ်ထဲမထားပါနဲ့
သင်ခန်းစာစမယ်
ပထမဆုံး loaclhost အလုပ်လုပ်ဖို့ အတွက် xampp ကို စပြီး Run လိုက်ပါ
အောက်ကလိုမျိုး loaclhost run ရင် server တက်လာလိမ့်မယ်
ပြီးရင် RDos Tool လေးကိုဖွင့်ပြီးအောက်မှာပြထားတဲ့အတိုင်း ip => 127.0.0.1 , port => 80ဆိုပြီးရိုက်ထည်လိုက်ပါ
1 မိနစ်လောက်ကြာရင် localhost ကိုပြန်ခေါ်ကြည်ပါဦး မတက်တော့ပါဘူး
Thanks for Readings
Written by cyberoot
www.cyberoot.blogspot.com
I can't attack cos i am offline :)
Credit to=> Downfall(Myanmar Security Forum)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Thursday, April 3, 2014
SQLI for beginner by backb0neb00t3r(MHU) pdf
 မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော်တင်ပေးချင်တာလေးကတော့ MHU ကအကိုတစ်ယောက်ရေးသားထားတဲ့  SQLI for beginner ဆိုတဲ့စာအုပ်လေးပါ.....ဒီစာအုပ်အကြောင်းမပြောခင် ဒီစာအုပ်လေးတင်ပေးလို. ရေးသားသူ ပိုင်ရှင်များ အဆင်မပြေရင် C box မှာပြောခဲ့နိုင်ပါတယ် 24 နာရီအတွင်းပိုစ်ပြန်ဖျက်ပေးပါ့မယ်  ဒီနေ့လူငယ်တော် တော်များများ က hacking ကို ၀ါသနာပါကြတာတွေ.ရပါတယ်။ကျွန်တော်ကတော့ တင်သာပေးလိုက်တာ ဘာမှမသိပါဘူး ၀ါသနာလဲမပါလို.လားမသိဘူး ဖတ်လိုက်ရင်ခေါင်းမူးသွားတယ် ဟီးးး ဒါပေမဲ့ အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ ၀ါသနာရှင်တွေအတွက် အခြေခံကောင်းကောင်း ပေးနိုင်မယ်လို.ယုံကြလို.တင်ပေးလိုက်တာပါ .........လို.ချင်သူ များအောက်မှာဒေါင်းယူနိုင်ပါပြီ အားလုံးပဲ အဆင်ပြေပါစေဗျာာ
                                                                                                         (မြန်မာပြည်လူငယ်)
credit to=> blackb0neb00t3r(MHU)
နည်းပညာတိုးတက်စေရန်အလို.ငှာကူးယူဝေမျှခြင်းသာဖြစ်ပါသည်
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Thursday, March 13, 2014
Web Hacking Cheat Sheet
 Shell
shell ဆိုတာ များသောအားဖြင့် .php နဲ့  တွေ့ ရတတ်ပါတယ်…. php programming language နဲ့ ရေးပါတယ် သူ့ ကို php ဆိုက်တွေမှာ သုံးနိုင်ပါတယ်…. ဟီး ရယ် စရာ တစ်ခုပေါ့ blogspot ကို ဘယ်လို ဒဖေ့ တင်ရမယ်မှန်းမသိတုန်းက ဂူးဂဲမှာ လိုက်ရှာရင်းနဲ့  ဘရိုတွေ ဘရက်တွေဆီ အသံပစ်မိတယ် ဘယ်လို လုပ်ရမလည်းပေါ့ ခိခိ မပုံများ ရှဲ အရင်တင်လေတဲ့…. အဲ့တုန်းက ခေးဆိုတော့ ယုံချင်သလိုလိုကို ဖြစ်မိတယ် ဟုတ်လား မသိဘူးလို့ ကို တွေးဘူးတယ် ဟီး ဘလော့စပေါ့ဆိုတာ html သုံးပြီးရေးထားတာပါ အဲ့ဒါကြောင့် ဘယ်လို php ဖိုင်မှ အလုပ်မလုပ်ပါဘူး ဒါကြောင့် ရှဲတင်လို့ ရပါဘူး နောက်ထပ် asp ရှဲ ဆိုတာရှိပါတယ် သုံးတော့ သုံးဖူးပါဘူး asp language သုံးပြီးရေးထားတာပေါ့ asp ကတော့ သိပ်မဟက်ကြတာမို့  ဒီမှာ ထည့်မပြောပါဘူး အကုန် တူတူပါပဲ ဟီး သိပ်လည်း မသိလို့ ပါ php ဆိုက်တောင် တစ်ခါမှ မဟက်ဖူးတာမို့  ခုထိကို ခေးဆန်နေဆဲပဲ ၀က်ဆိုက် တစ်ခုပော် ရှဲတင်လိုက်ရင် ဘာလုပ်လို့ ရလည်းဆိုတော့ အဲ့ဒီ ဆိုက် တစ်ခုလုံးကို စိတ်ကြိုက် လုပ်ခွင့်ရပါပြီ ဆိုက်မှာ ရှိသမျှ စာမျက်နှာတွေ ဖျက်ပစ်နိုင်တယ် အသစ်တင်ချင်တာ ရှိ တင်နိုင်တယ် ဒါမှမဟုတ်လည်း စာမျက်နှာတွေကို ပြင်ရေးနိုင်တယ် index.php ဆိုတဲ့ ဆိုက်တစ်ခုကို ဖွင့်ဖွင့်ချင်း မြင်ရတဲ့ စာမျက်နှာကို စိတ်ကြိုက်ပြန်ပြင်နိုင်ပါတယ် …ဒါကတော့ ရှဲတိုင်းမှာ ပါတဲ့ အဓိက လုပ်ဆောင်ချက်ပါပဲ ဘယ်ရှဲ မဆို ဒါတွေ လုပ်လို့  ရပါတယ် …. တစ်ချို့  ရှဲတွေကတော့ အပိုလုပ်ဆောင်ချက်လေးတွေ ပါတတ်ပါတယ် အဲ့ဒါတွေကတော့ တစ်ခြားဆိုက်တွေကို ddos လုပ်လို့ ရတယ် md5 hash တွေ ဖြေလို့  ရတယ် email bomber အဖြစ်သုံးလို့  ရတယ် စသဖြင့် အများကြီး ရှိပါတယ် တစ်ခုနဲ့  တစ်ခုတော့ ပါတာ မတူပါဘူး
Anonymity
ဆိုက်တစ်ခုထဲ ၀င်တဲ့ အခါ အဲ့ဆိုက်က ၀င်တဲ့ သူရဲ့ ip ကို မှတ်ထားပါတယ် …. အဲ့ခါကျ ip အစစ်မပော်အောင် VPN တွေ သုံးပြီး ၀င်သင့်ပါတယ် …. ဒါဆို အတော်အတန် လုံခြုံပါတယ် …. VPN software ဆိုပြီး ရှိပါတယ် စမ်းသုံးကြည့်ပါ …. လုံခြုံဖို့  အတွက် ဆက်လက်လေ့လာကြည့်ပါအုန်း ခြေရာ လက်ရာ ကျန်တယ်ဆိုတာနဲ့  ကာကွယ်သင့်တယ် ဆိုတာပဲ ပြောချင်တာပါ ဟီး သူကတော်တော် ကျယ်ပြန့် တယ် …. ဆိုက်တွေ ဟက်ပြီးသွားရင် ရှဲကနေတစ်ဆင့် သေသေချာချာ ဖိုင်တွေ လိုက်ကြည့်ကြည့်ပါ log file ဆိုတာ တွေ့ တတ်ပါတယ် အဲ့မှာ ဖွင့်ကြည့်ရင် ကိုယ့် ip ကို တွေ့ ပါလိမ့်မယ် ဟီး အဲ့ခါကျ ဖျက်ခဲ့ပေါ့ဂျာ သောက်ညင်ကတ်ရင် အဲ့ log file မှာ hacked by backb0neb00t3r တို့ လို ဟာမျိုး ရေးခဲ့ ဟီးဟီး log နဲ့ ပတ်သတ်ပြီးတော့ ခုပြောသလောက် မရိုးရှင်းပါဘူး နောက်ကွယ်မှာဒီထက်ကို ပိုပြီး အိုင်ပီတွေ မှတ်ထားပါတယ် ဒါကြောင့် ကိုယ့် အိုင်ပီ အမှန်ကို သူသိသွားပြီဆိုရင် ပြန်ဖျက်ဖို့  မလွယ်တော့ပါဘူး စလုပ်တည်းက အိုင်ပီ ချိန်းထားသင့်ပါတယ် ဒါပေမယ့် ဆိုက်ပိုင်ရှင်တွေက အဟက်ခံရပြီဆို ဘာမှ လုပ်မနေပါဘူး ကိုယ့်ဆိုက် ကိုယ်ပြန်ပြင်လိုက်တာပါပဲ …. အရေးတယူ နိုင်ငံခြား ip တွေကို မလိုက်ပါဘူး အလုပ်တော်တော် ရှုပ်တဲ့ ကိစဿစပါ …. ဆိုက်ကို မူတည်ပြီး ကိုယ်အဆင်ပြေသလို သုံးပါ ဆိုက်က အမေရိကန် သမဿမတ ဆိုက် လိုမျိုး ဆိုရင်တော့ ဘရားသာဿး သိသမျှ တတ်သမျှ အကုန် ထုတ်သုံးပြီးသာ ကာကွယ်တော့ ဟီးဟီး မြန်မာနိုင်ငံက VPN တို့  ဘာတို့ သုံးလိုက်ရင် လိုင်းတော်တော် လေးသွားတာပါ တော်ရုံဆိုက်လောက်တော့ ip အမှန် သုံးလည်း ကိစဿစမရှိပါဘူး ….. ဒီလောက်ဆို ip နဲ့  ပတ်သတ်လို့  ဘာလုပ်သင့်တယ် ဆိုတာ သိပြီ ထင်ပါတယ် …. နောက်ထပ် တစ်ခုအနေနဲ့  ကိုယ့်စက်ထဲက ခြေရာလက်ရာတွေကို ဖျက်ပစ်ပါ history, cookies, login data စသဖြင့် အကုန် ဖျက်ပစ်ပါ cleaner software သုံးရင်လည်းသုံး မဟုတ်လည်း ဟက်ခါနီးလေးမှာ deepfreeze သုံးလိုက်ပါ ဒါဆို restart ချလိုက်တာနဲ့  မူလ မဟက်ခင် အနေအထား ပြန်ေ၇ာက်သွားပါလိမ့်မယ် ….
hash
hash ဆိုတာ စကားလိမ် တစ်မျိုးပဲဗျ …. ၀က်ဆိုက် အက်ဒမင်တွေရဲ့ ပက်စဝေါ့ကို ဒီတိုင်း မသိမ်းပါဘူး database မှာ hash အဖြစ် ပြောင်းလဲပြီးမှ သိမ်းတာပါ ကျွန်တော့်က အက်ဒမင် တစ်ယောက်ဆိုပါတော့ ကျွန်တော့် ပကစ်ဝေါ့က password ပါ ဒါကို ဒီအတိုင်း ဒက်တာဘေ့စ်မှာသိမ်းရင် အနဿတရာယ် များတာမို့  လုံခြုံအောင် ဒီလိုလေး hash လုပ်လိုက်ပါတယ် 5f4dcc3b5aa765d61d8327deb882cf99 အဲ့ဒါကြီးကိုဒက်တာဘေ့စ်ထဲက ရသွားလည်း မူလအမှန်ကို မသိနိုင်သေးလို့  အက်ဒမင်နေရာ မရသေးပါဘူး ဒါဆို လုံခြုံတယ်ပေါ့ဗျာ hash လုပ်နည်း အများကြီး ရှိပါတယ် ခုနဟာကိုတော့ md5 ဆိုတဲ့ hash လုပ်နည်းနဲ့  လုပ်ထားတာပါ ဆိုက်တစ်ခုကို ဟက်တဲ့အခါ hash အနေနဲ့ ပဲ ပက်စဝေါ့ကို ရလာရင် အက်ဒမင်အဖြစ် သုံးနိုင်ဖို့  မူလစာသား အဖြစ် ( plain text လို့  သုံးနှုန်းကြပါတယ် ) ပြန်ပြောင်းဖို့ လိုပါတယ် အဲ့ဒါကို online hash cracking site ဒါမှမဟုတ် hash cracking software တွေနဲ့  ပြောင်းရပါမယ် …. ဆက်လေ့လာကြည့်ပါအုန်း
mirror
ဘရားသားက ဆိုက်တစ်ခုကို ဟက်လိုက်နိုင်ပြီ ဆိုပါစို့  ဟက်နိုင်ကြောင်း သက်သေအနေနဲ့  ခုလောလောဆယ်တော့ ရှဲတို့  deface တို့  ပြနိုင်ပေမယ့် နောက်ကြာလာလို့  ဆိုက် အက်ဒမင်က ရှဲကို ဖျက်ပြီး ပက်စဝေါ့ပြောင်းလိုက်ရင် ကိုယ်ဟက်နိုင်ခဲ့ကြောင်း သက်သေပြဖို့  မဖြစ်နိုင်တော့ဘူးလေ အဲ့ဒါဆို hack-db.net တို့ လို ဆိုက်မျိုးတွေမှာ ကိုယ်ဟက်နိုင်ခဲ့တာကို သွားပြထားလိုက်ရင် ( notify လုပ်တယ်လို့  ခော်ပါတယ် ) သူတို့ က စစ်ဆေးပါတယ် မှန်ရင် လက်ခံပြီး လင့်ခ်တစ်ခုပေးပါတယ် အဲ့လင့်ခ်က mirror ပါပဲ ယေဘုယျအားဖြင့်တော့ mirror လုပ်တယ်ဆိုတာ အဲ့လို သက်သေသွားလုပ်တာကို ပြောလေ့ ရှိပါတယ် နောက်ပိုင်းတော့ သိလာမှာပါ ….
admin panel & cpanel
အရင်တုန်းက အက်ဒမင် ပန်နယ် နဲ့  စီပန်နယ် ဆိုတာ တူတူပဲ အောက်မေ့တာ ဟီး cpanel ဆိုတာ ၀က်ဆိုက်တင်ထားတဲ့ space တစ်ခုလုံးကို လိုသလို ထိန်းချုပ်နိုင်တဲ့ နေရာ …. ရှုပ်သွားလား သိဘူး …. ကျွန်တော်တို့  ၀က်ဆိုက် တစ်ခုလုပ်ချင်တဲ့ အခါ နှစ်မျိုးလိုအပ်ပါတယ်…. CMS နဲ့  Database ပါ အဲ့ နှစ်ခုကို ချိတ်ဆက်ပြီး ဆိုက်တစ်ခုဖြစ်လာတာပါ …. CMS ဆိုတာ ၀က်ဆိုက် လုပ်တဲ့ ဆော့ဝဲလ်လို့  အလွယ် ပြောလို့ ရပါတယ် wordpress cms , joomla cms စသဖြင့် ရှိပါတယ် …. ကျွန်တော်တို့  ဖိုရမ်ကို vBulletin ဆိုတဲ့ cms နဲ့ လုပ်ထားတာပါ အဲဒီ cms ကို hosting server ပော် upload လုပ်ပြီး ၀က်ဆိုက်ကို ထောင်ရပါတယ် အဲ့လို upload လုပ်လိုက်ရင် ၀က်ဆိုက် တစ်ခု ရလာပါတယ်…. အဲ့ဝက်ဆိုက်ထဲမှာမှ အက်ဒမင် ပန်နယ်ဆိုပြီး ပို့ စ်တွေ တင်ဖို့  themes တွေ ချိန်းဖို့ အတွက် ၀င်တဲ့ နေရာ ရှိပါတယ်…. ဒါက အက်ဒမင် ပန်နယ်ပေါ့ …. စီပန်နယ် ဆိုတာက cms ကို upload လုပ်ဖို့  အတွက် ၀င်ရတဲ့ နေရာပါ သူက ပိုမြင့်တယ်ပေါ့ ဆိုက်ကြီး တစ်ခုလုံးကို ကြိုက်တဲ့ အချိန် ရှိသမျှ ဖိုင်အကုန် delete လုပ်ပစ်နိုင်ပါတယ် ကြိုက်တဲ့ အချိန် နောက်ထပ် ဆိုက်တစ်ခု ပြောင်းလဲ ထောင်နိုင်ပါတယ်…. ဒီလောက်ဆို ကွဲပြားတာကို သိပြီ ထင်ပါတယ်…. အက်ဒမင် ပန်နယ်ဆိုတာ ပို့ စ်တင်ရုံပဲ ရတယ် ဘာမှ လုပ်လို့  မရပါဘူး …. သူတို့ နှစ်ခုရဲ့ ပက်စဝေါ့ကလည်း မတူပါဘူး …. အက်ဒမင် ပန်နယ်ကနေ စီပန်နယ် password ကို crack လို့  ရပါတယ် …. ဘယ်လိုလည်း ဆိုတာကို ဆက်လက်လေ့လာကြည့်ပါအုန်း ….
Server Rooting
ဝက်ဆိုက်ပေါင်းများစွာကို တင်ထားတဲ့ host လုပ်ထားတဲ့ ဆာဗာ တစ်ခုကို root လုပ်တယ်ဆိုတာ အဲ့ဆာဗာကို ထိန်းချုပ်ခွင့် ရသွားတယ်လို့ ပဲ ဆိုရမှာပေါ့ …. ဆာဗာ ကို root လုပ်နိုင်ရင် အဲ့ဆာဗာမှာ တင်ထားသမျှ ဆိုက်အကုန်လုံး ထိန်းချုပ်နိုင်ပါပြီ တော်တော် အဆင်ပြေတယ် ဟီးဟီး ဘယ်လို လုပ်ရမလည်း ဆိုတာတော့ ဆက်လေ့လာကြည့်ပါအုန်း ….
Web hacking basic steps
လုံးဝကို မသိတာကနေ ဆရာကြိး တစ်ယောက်အဖြစ် သင်ယူနိုင်ပါတယ် …. အားလုံးကို အင်တာနက်ထဲမှာ လေ့လာနိုင်ပါတယ် ပထမဆုံး
1.html, css
2.php
3.database
4.javascript
5.cookies
ဒါတွေကို လေ့လာပါ အကုန်လုံးကို ကုဒ်တွေ အလွတ်ရနေဖို့ မလိုပါဘူး ကုဒ်တွေဖတ်နိုင်ရုံလောက်ဆိုတော်ပါပြီ ရေးစရာ ကြုံလာရင် စာအုပ်ဖွင့်ပြီး ပြန်ကူးဂျာ ဟီးဟီး စာမေးပွဲဖြေနေတာမှ မဟုတ်တာ အတွေ့ အကြုံက သူ့ သာသာ သင်ပေးလိမ့်မယ် အကျင့်ရလာရင် သူဘာသာ မှတ်မိ လာလိမ့်မယ် …. သင်တန်းတက်ဖို့  မလိုပါဘူး အကုန်လုံး လိုင်းပော်မှာလေ့လာနိုင်ပါတယ် ကျွမ်းသွားတဲ့ထိ …. မယုံရင် လေ့လာလိုက်ပါ …. ဒါတွေကတော့ လိုအပ်တဲ့ အသိတွေပါ လေ့လာသင့်တဲ့ ပထမဆုံး hacking methods တွေက
1.SQL injection
2.XSS
3.LFI, RFI
ဒါတွေက စကြပါတယ် SQL injection ရယ်လို့  ဂူးဂဲ သို့ မဟုတ် ဖိုရမ်တစ်ခုခုမှာ ရှာလိုက်ရင် ကျူတို တွေ ရလာမှာပါ ဖတ်မှတ်ပြီး စမ်းသပ်နိုင်ပါပြီ တစ်ခြား ဟာတွေလည်း ဒီအတိုင်းပါပဲ SQL injection က အသုံးအ၀င်ဆုံး နည်းတစ်ခုပါ အဲ့နည်းနဲ့  ဟက်နိုင်တဲ့ ဆိုက်တွေမှ သောင်းသိန်းတောင် မကဘူး ဟီး …..
နိုင်ငံခြားပို့ စ်တစ်ခုဖတ်ရင်း အဲ့ကမေးခွန်းလေးတွေရယ် ကျွန်တော် တိုင်ပတ်ခဲ့ဖူးတဲ့ဟာလေးတွေရယ် ပေါင်းထည့်ထားပါတယ်
Credit to =>booter's playground
နည်းပညာတိုးတက်စေရန်အလို.ငှာ ကူးယူဝေငှခြင်းဖြစ်ပါသည် (မြန်မာပြည်လူငယ်)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Wednesday, February 26, 2014
HACKTIVISM AND CYBERWARS: REBELS WITH A CAUSE
မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ စာအုပ်လေးတစ်အုပ်ပါ ဒါလေးကို အကိုတော်  Soe Soe Diary √Exploit≈∆Day‡ ရဲ.ဆိုဒ်ကမလာတာပါ ဟီးးးးးးးး Amazon မှာ $48 တောင်ပေးရမယ်ဆိုပဲ။ ဟုတ်မဟုတ် ကျွန်တော်လည်းမသိ။ ဟီး။ Amazon link: http://www.amazon.com/Hacktivism-Cyberwars-Rebels-Tim-Jordan/dp/0415260043
 လိုချင်သူများအောက်မှာဒေါင်းယူနိုင်ပါပြီ  ......................အားလုံးပဲအဆင်ပြေပါစေဗျာ
                                                                                                      (မြန်မာပြည်လူငယ်)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Monday, February 17, 2014
Mojo Logger အသုံးပြု့ နည်း ( E-Book )
နောက်ထပ် စာအုပ်တွေ အသစ်အစမ်း လေး တွေလိုချင်သေးတယ်ဆိုသူ များအနေဖြင့်.. အခု Website လေးကိုအမြဲလာဖို့ ဖိတ် ခေါ်အပ်ပါတယ်..
မိမိ ကြိုက်နှစ်သက်ရာ Link ကို ကလစ်နိုပ်ပြီး Download ရယူနိုင်ပါပြီ။
Download :   Dropbox  Zippyshare  Solidfile  Bitshare  R-Ghost  Ge-TT  Other 
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Friday, February 7, 2014
Facebook Hacking စာအုပ်
မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ Facebook Hacking စာအုပ်လေးတစ်အုပ်ပါ သွားရင်းလာရင်းနဲ.တွေ.မိလို.ဒေါင်းထားတာပါ ကျွန်တော်ရေးထားတာလဲမဟုတ်ပါဘူး မူရင်းအတိုင်းပဲပြန် ရှယ်ထားပါတယ် ကျွန်တော်ကတော့ hacking နဲ.ပက်သက်လာရင်ဘာမှကိုမသိတဲ့အတွက် စမ်းသပ်မပေး နိုင်တာတော့ခွင့်လွှတ်နားလည်ပေးကြပါလိုကြိုပြောချင်ပါတယ်ဒီစာအုပ်ထဲကနည်းလမ်းတွေကအမှန်တကယ်  update ဖြစ်မဖြစ်ဆိုတာ မသိပေမဲ့ hacking ဆိုတာဘာလဲ ဆိုတာကို နည်းပညာအနေနဲ.သိထား သင့်တယ်ထင်လို.ပြန်လည်ဝေမျှပေးတာပါ ဒီစာအုပ်ထဲမှာပါဝင်တဲ့ ခေါင်းစဉ်တွေကတော့.....
1. Facebook Tips & Tricks  
1.1 Facebook Tips  
1.2. How to find Facebook Number
1.3. How to access Facebook from G mail
1.4. Facebook Emotions codes
1.5. How to download Facebook in your PC…
 1.6. Download your Information
1.7. Import your blog in Facebook
    1.8. How to find if somebody hacked your Facebook account
1.9. How to change your name in Facebook
1.10. Export Email addresses of your Facebook account
1.11. How to create Facebook ID card
    1.12. How to hide your Email address from Facebook apps
1.13. How to Delete and Terminate Facebook account
1.14. How to Download Facebook photo album
   1.15. How to add a forum (discussion board) to a page
    1.16. Face book antivirus
----------------------- Page 3-----------------------
1.17. How to alert Facebook fan page in your E-mail…
 1.18. How to Show who is online on Facebook when you are in offline mode…
    1.19. How to send SMS using Facebook…
  1.24. Colored text, bold, underline, smiles in Facebook status…
    1.25. How to disable Facebook Timeline…  
1.26. How to disable Public search of your Facebook profile
    1.27. How to Publish your Empty status
1.28. How to Surf Blocked Facebook
2. Facebook Web Apps
 2.1. How to Schedule Facebook massages Sendible  
 2.2. How to get Facebook updates on your Email
  2.3. How to updates Facebook without using Face book  
 2.4. How to be notify when friend changes jobs  
2.5. How to view Facebook Profile History
----------------------- Page 4-----------------------
2.6. How to Flip Facebook status updates  
2.7. How to find Shared videos on Facebook  
 2.8. Capture the wisdom of your social Network  
 2.9. Monitor your child Facebook activity  
 2.10. Manage your personal & professional image
  2.11. How to track Facebook Activities
  2.12. Create mosaics Profile picture on Facebook
2.13. Online store on Facebook  
  2.14. Online Face book Messenger…  
2.15. How to Analysis Facebook Fan page…  
 2.16. How to find who un friends you
  2.17. How to download Videos from Facebook  
2.18. How to create slideshow of your Facebook album  
2.19. How to Create Custom Facebook tab
 3.1. Facebook Color Changer
----------------------- Page 5-----------------------
    3.2. Facebook adds blocker
  3.3. How to connect Facebook, Twitter& Google
3.4. Facebook Toggle all
  3.5. How to Facebook Chat on your desktop Adium
    3.6. Facebook based web browser
     3.7. Facebook E mail grabber
 3.8. How to connect outlook to Facebook
    4. Facebook Hacking & Security
  4.1. Facebook phishing
  4.2. Facebook Password Decryp
tor
  4.3. Web browser Pass view …
   4.4. How to Hack Facebook using Keylogger
   4.5. How to Hack Password using Facebook Hacker
    4.6. How to delete Your friend Account within 24 hour
    4.7. How to protect your Facebook account from Hacking
  4.8. How to protect yourself from Keylogger & phishing attack
စတာတွေလေ့လာနိုင်မှာဖြစ်ပါတယ် ဖိုင်ဆိုဒ်က လဲ 7MB လောက်ပဲဖြစ်လို. ဒေါင်းထားစေချင်ပါတယ် လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ် ........ကျွန်တော်တော့ဘာမှမသိဘူးနော် ....:P
                                                                                                        (မြန်မာပြည်လူငယ်)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ
Thursday, December 19, 2013
Wifi Password တွေကို 95%အမှန်အကန် Hack ပေးနိုင်တဲ့ WIBR+ WIfi BRuteforce Hack APK
WIBR+ WIfi BRuteforce hack APK Download
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော့်ဆရာသမားလည်းဖြစ် ဆေးထိုးဖော်လည်းဖြစ်တဲ့
အိုင်တီ မုဆိုးပေးတဲ့ Application လေးဖြစ်ပါတယ်။ Hacker ကြီးသုံးနေတဲ့ Application ဆိုတော့ နယ်နယ် ရရတော့ မဟုတ်လောက်ဖူးနော်။ ကျွန်တော်ကလည်း ရရချင်းစမ်းသပ်ကလိနေတုန်းပါဘဲ။ အခု Application နဲ့ ရခဲ့ဖူးတဲံWifi Password တွေရှိတယ်လို့ Hacker ကြီးကပြောပါတယ်ဗျာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ Wifi တွေရှိတဲံ ဘော်ဒါများ အတွက် ဒေါင်းယူထားသင့်ပါတယ်ဗျာ။ တစ်ခုတော့ကြိုပြီးပြောပါရစေနော် Hacking ဆိုတာလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကလိချင်သူများကလိနိုင်ပါပြီဗျာ။ File Size ကလည်း 146KB လေးဘဲရှိလို့လွယ်ကူ စွာဒေါင်းယူနိုင်ပါတယ်ဗျာ။ သူက Wifi Signal Strength အနည်းဆုံး 50 ရှိမှ Hack ပေးနိုင်မှာပါ။ ဒီကောင်လေး ကိုအသုံးပြီး Hack နေတဲ့အတွက် Phone ကိုမထိခိုက်စေပါဘူး။ Android OS 4.0 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application လေးအကြောင်း သိချင်ရင် တော့ ကျွန်တော့်ဆရာ အိုင်တီမုဆိုးကိုမေးမြန်းနိုင်ပါတယ်ဗျာ။ ဖြစ်နိုင်ချေရှိတာတွေကို ဦးနှောက် သုံးပြီး Hack ကြတာပေါ့ဗျာ။
အရေးကြီးတာတစ်ခုကတော့ သူ Hack ပေးနိုင်တဲ့ Wifi အမျိုးအစားတွေကတော့ WPA-PSK-WPA2-PSK စတာတွေကိုဘဲ Hack ပေးနိုင်ပါတယ်ဗျာ။
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
View bigger - WIBR+ WIfi BRuteforce hack for Android screenshot
 View bigger - WIBR+ WIfi BRuteforce hack for Android screenshot
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Friday, November 8, 2013
WiFi Hacking Basic - မြန်မာဘာသာပြန် (Ebook)
http://iphonewifihack.com/wp-content/uploads/2013/06/nr11.png
WiFi Hacking ကိုတောင်းဆိုထားတဲ့သူတွေအတွက် မြန်မာလိုရှင်းပြထားတဲ့ WiFi Hacking Basic ဆို တဲ့စာအုပ်လေးကိုရှာရှာဖွေဖွေနဲ့ တင်ပေးလိုက်ပါတယ်ဗျာ။ တချို့သူတွေမှာလည်း ရှိပြီးသားဖြစ်ကောင်းဖြစ် ပါလိမ့် မယ်။ မရှိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ဒီစာအုပ်လေးကိုရေးသားသူကတော့
ပညာရှင် မင်းစိုးရာဇာဖြစ်ပါတယ်ဗျာ။ File Size ကလည်း 5.6MB ဘဲရှိတဲ့အတွက် ဒေါင်းဖို့အဆင်ပြေပါ တယ်။အောက်က Link မှာဒေါင်းယူနိုင်ပါပြီဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
သတိပြု ရန် - Download Button ကိုနှိပ်ရင် ကျွန်တော့် Home Page နဲ့ Download Page နှစ်ခု က Tab နှစ်ခု အနေနဲ့ တစ်ပြိုင်နက်ထဲ ကျလာပါတယ်။ သေချာလေးစစ်ပြီးဒေါင်းနိုင်ပါတယ်ဗျာ
Thursday, October 31, 2013
Command Prompt Basics (Ethical Hacking)
Hacking ပိုင်းလေ့လာလိုသူများအတွက် အဓိက CMD Basic များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်... အားလုံးပဲ တနေ့ကို ၅ကြောင်းလောက်သာ မှတ်သွား၊ ၂၁ရက်ဆို အားလုံးကို အလွတ်ရပီ။ Hacking သမားများအတွက်သာမက
Technician များအတွက်ပါ အကျိုးရှိပါတယ်။
1. Accessibility Controls - access.cpl
2. Accessibility Wizard - accwiz
3. Add Hardware Wizard - hdwwiz.cpl
4. Add/Remove Programs - appwiz.cpl
5. Administrative Tools - control admintools
6. Automatic Updates - wuaucpl.cpl
7. Bluetooth Transfer Wizard - fsquirt
8. Calculator - calc
9. Certificate Manager - certmgr.msc
10. Character Map - charmap
11. Check Disk Utility - chkdsk
12. Clipboard Viewer - clipbrd
13. Command Prompt - cmd
14. Component Services - dcomcnfg
15. Computer Management - compmgmt.msc
16. Control Panel - control
17. Date and Time Properties - timedate.cpl
18. DDE Shares - ddeshare
19. Device Manager - devmgmt.msc
20. Direct X Troubleshooter - dxdiag
21. Disk Cleanup Utility - cleanmgr
22. Disk Defragment - dfrg.msc
23. Disk Management - diskmgmt.msc
24. Disk Partition Manager - diskpart
25. Display Properties - control desktop
26. Display Properties - desk.cpl
27. Dr. Watson System Troubleshooting Utility - drwtsn32
28. Driver Verifier Utility - verifier
29. Event Viewer - eventvwr.msc
30. Files and Settings Transfer Tool - migwiz
31. File Signature Verification Tool - sigverif
32. Findfast - findfast.cpl
33. Firefox - firefox
34. Folders Properties - control folders
35. Fonts - control fonts
36. Fonts Folder - fonts
37. Free Cell Card Game - freecell
38. Game Controllers - joy.cpl
39. Group Policy Editor (for xp professional) - gpedit.msc
40. Hearts Card Game - mshearts
41. Help and Support - helpctr
42. HyperTerminal - hypertrm
43. Iexpress Wizard - iexpress
44. Indexing Service - ciadv.msc
45. Internet Connection Wizard - icwconn1
46. Internet Explorer - iexplore
47. Internet Properties - inetcpl.cpl
48. Keyboard Properties - control keyboard
49. Local Security Settings - secpol.msc
50. Local Users and Groups - lusrmgr.msc
51. Logs You Out Of Windows - logoff
52. Malicious Software Removal Tool - mrt
53. Microsoft Chat - winchat
54. Microsoft Movie Maker - moviemk
55. Microsoft Paint - mspaint
56. Microsoft Syncronization Tool - mobsync
57. Minesweeper Game - winmine
58. Mouse Properties - control mouse
59. Mouse Properties - main.cpl
60. Netmeeting - conf
61. Network Connections - control netconnections
62. Network Connections - ncpa.cpl
63. Network Setup Wizard - netsetup.cpl
64. Notepad - notepad
65. Object Packager - packager
66. ODBC Data Source Administrator - odbccp32.cpl
67. On Screen Keyboard - osk
68. Outlook Express - msimn
69. Paint - pbrush
70. Password Properties - password.cpl
71. Performance Monitor - perfmon.msc
72. Performance Monitor - perfmon
73. Phone and Modem Options - telephon.cpl
74. Phone Dialer - dialer
75. Pinball Game - pinball
76. Power Configuration - powercfg.cpl
77. Printers and Faxes - control printers
78. Printers Folder - printers
79. Regional Settings - intl.cpl
80. Registry Editor - regedit
81. Registry Editor - regedit32
82. Remote Access Phonebook - rasphone
83. Remote Desktop - mstsc
84. Removable Storage - ntmsmgr.msc
85. Removable Storage Operator Requests - ntmsoprq.msc
86. Resultant Set of Policy (for xp professional) - rsop.msc
87. Scanners and Cameras - sticpl.cpl
88. Scheduled Tasks - control schedtasks
89. Security Center - wscui.cpl
90. Services - services.msc
91. Shared Folders - fsmgmt.msc
92. Shuts Down Windows - shutdown
93. Sounds and Audio - mmsys.cpl
94. Spider Solitare Card Game - spider
95. SQL Client Configuration - cliconfg
96. System Configuration Editor - sysedit
97. System Configuration Utility - msconfig
98. System Information - msinfo32
99. System Properties - sysdm.cpl
100. Task Manager - taskmgr
101. TCP Tester - tcptest
102. Telnet Client - telnet
103. User Account Management - nusrmgr.cpl
104. Utility Manager - utilman
105. Windows Address Book - wab
106. Windows Address Book Import Utility - wabmig
107. Windows Explorer - explorer ................................ By Shivam Panchal.
Category
Education
License
Standard YouTube License
လေးစားစွာဖြင့်
မိုး
www.moepcservice.blogspot.com
Monday, October 28, 2013
How to Hack Facebook Account - PDF
မင်္ဂလာပါဗျာ...ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် စာအုပ်ကောင်းလေးတစ်အုပ်တင်ပေးလိုက်
ပါတယ်...ဘာလဲဆိုရင်တော့ facebook account hack နည်းပဲဖြစ်ပါတယ် နည်းလမ်းလေးမျိုးနဲ.ဖေါ်ပြပေးထားပါတယ် ဒါတွေကတော့
(1)Keyloggers Attack
(2)Phishing Attack
(3)Scripting Attack
(4)Fake Hacking Tricks Attack  
တို.ဖြစ်ပါတယ်
ဒီစာအုပ်လေးကိုတော့ နည်းပညာအနေနဲ.သာ ဝေမျှခြင်းဖြစ်တဲ့ အတွက်ပေးထားတဲ့နည်းလမ်းတွေက
 up to date ဖြစ်ခြင်မှဖြစ်တော့မှာဆိုတာကိုတော့ ကြိုပြောထားပါရစေ ဘာ့ကြောင့်လဲဆိုတော့ facebook 
ဟာသူ.ရဲ.လိုအပ်ချက်တွေကို အမြဲတမ်းပြုပြင်နေတာမို.ပါ...Hacking ဆိုတာလွယ်လွယ်နဲ.ဖြစ်မလာနိုင်ဘူးဆိုတာသိစေချင်တဲ့အတွက်လဲ ကျွန်တော်ဘာသာမပြန်ပေးထားပါဘူး
စိတ်ဝင်စားလို.ဒေါင်းချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါပြီ
(မှတ်ချက်။  ။ကျွန်တော်သည်လဲ ဟက်ကာမဟုတ်တဲ့အတွက် ဒီပို.စ်နဲ.ပက်သက်ပြီးအခက်အခဲများရှိလာပါကဖြေရှင်းပေးမည်မဟုတ်ပါ)
                          Download Now => Link -1/Link -2
Thursday, October 3, 2013
ကောင်းကင်ဘုံကဆော့ဝဲ Heaventools PE Explorer 1.99 R6
ဒီဆော့ဝဲလေးက တစ်ကယ်ဆိုရင်
သိပ်ကို ရှားပါးတဲ့အပြင်
Full Version အဖြစ်ရနိုင်ဖို့လည်း
တော်တော်လေး ခက်ခဲတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်
Heaventools PE Explorer လို
ခေါ်ပါတယ်
Cracker တွေရဲ့လောကမှာတော့ Heaven Tool လို လူသိများပါတယ်
ကောင်းကင်ဘုံက ဆော့ဝဲပေါ့ဗျာ
ကဲ .. ဒီဆော့ဝဲလေးကို ဘယ်နေရာမှာသုံးတာလဲဆိုတော့
Trail Version ဆော့ဝဲတွေကို Full Version အဖြစ် အသုံးပြုနိုင်ဖို့
Cracking လုပ်တဲ့နေရာမှာ အဓိက အသုံးပြုပါတယ်
အသေးအမွှားကိစ္စတွေအနေနဲ့တော့ ဆော့ဝဲတွေရဲ့ Icon တွေကို ကိုယ်နှစ်သက်သလို
ပြောင်းလဲတာ ... ဆော့ဝဲထဲက Coding တွေကို လိုအပ်သလို ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ
စတဲ့နေရာတွေမှာ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ဆော့ဝဲဖြစ်ပါတယ်
Software Developer တွေနဲ့ Software Cracker တွေအတွက်တော့ Resource Hacker ဆိုတဲ့
ဆော့ဝဲထက် အဆပေါင်းများစွာ အားကိုးလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်
ဒေါင်းလို့ရလာတဲ့ထဲက Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
Install လုပ်လို့ ပြီးသွားရင်တော့ Crack ဆိုတဲ့ ဖိုလ်ဒါထဲက ဖိုင်တွေအားလုံးကို
C >> Program Files >> PE Explorer ဆိုတဲ့ ဖိုလ်ဒါထဲကို ကူးထည့်ပေးလိုက်ပါ
ပွင့်လာတဲ့ Message Box တွေမှာ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင်တော့ Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Sunday, September 8, 2013
မြန်မာပြည် ရဲ. ပထမဆုံး Hacking magzine
စိတ်ဝင်စား ရင်ဒေါင်းထားကြပါ။မြန်မာလို ရေးထားတာဗျာ ကျွန်တော်ကတော့ hacking ဆိုဘာမှမသိလို. ပြန်ရှယ်ပေးရုံသက်သက်ပဲ တက်နိုင်တယ်
ဒီစာအုပ်နဲ.ပက်သက်ပြီး( Ghost Area Editor Team မှ အခမဲ့ ဖြန့်ဝေသည် ။ မည်သူမဆို စိတ်ကြိုက် ကူးယူ မျှဝေ ပြင်ဆင်ခွင့်ရှိသည်) ဆိုပြီးအထဲမှာပါ ရေးပေးထားပါတယ် လိုချင်ရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ.........အားလုံးပဲအဆင်ပြေပါစေဗျာ
ဒီမှာဒေါင်းယူနိုင်ပါတယ်
Tuesday, September 3, 2013
နေ့စဉ်သုံးလေ့ရှိသော command များ ( For Linux )
ကျွန်တော်ခုရှင်းပြမယ့် command တွေက အသုံးဝင်ပြီး command prompt သို့မဟုတ် Terminal
အသုံးပြုသူတိုင်း အသုံးများသော Command တွေဖြစ်ပါတယ်။command တွေကိုအသုံးပြုခြင်းအားဖြင့်
ကျွန်တော်တို့အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်မှာဖြစ်ပါတယ်။ Terminal တစ်ခုကိုပဲဖွင့်ထားလိုက်
ရုံနဲ့ ဟိုသွားဒီသွားဟိုကလစ်ဒီကလစ်လုပ်စရာမလိုပဲ တစ်နေရာထဲမှာပဲစာထိုင်ရိုက်ယုံလေးပါ။
၁. cd =change directory
  cd ဆိုတာ ကိုယ်သွားချင်တဲ့နေရာတွေသွားဖို့အသုံးပြုတာဖြစ်ပါတယ်။သွားချင်တဲ့နေရာဆိုတာက
  folder တစ်ခုကနေ folder ကိုရောက်အောင်သွားတာကိုဆိုလိုတာပါ။ Window မှာတော့ folder
 လို့ခေါ်ပါတယ် ။ Linux မှာတော့ကျွန်တော်တို့ Directory လို့ပဲခေါ်ပါတယ်။ Folder ကနေ နောက်ဖိုတာ
တစ်ခုကိုပဲသွားလို့ရတာမဟုတ်ပါဘူး ရောက်ပတ်လည်နေလို့ရပါတယ်။ ဥပမာ ကိုယ်ခုသုံးနေတဲ့  user
အကောင့်နဲ့တစ်ခြား အသုံးပြုသူတွေအကောင့်ရဲ့ home folder တွေကိုဝင်ကြည့်တာတို့ ဖိုင်တွေသွားထည့်ပေးတာတို့လုပ်ဖို့အတွက် သူတို့ရဲ့ home folder ကိုအရင်သွားဖို့လိုပါတယ်။အဲ့ဒီကိုသွားဖို
အတွက်ဒီ command ကိုသုံးရမှာဖြစ်ပါတယ်။
Example ...
    $cd  /home/pinlonthar/
   လို့ရိုက်လိုက်ရင် home folder ထဲမှာရှိတဲ့ pinlonthar folder ထဲကိုရောက်သွားမှာဖြစ်ပါတယ်။
    ကဲခု pinlonthar ဆိုတဲ့ဖိုတာထဲကိုေ၇ာက်ပီပဲဆိုပါစို့ .ဒီ Pinlonthar ဖိုတာထဲမှာရှိတဲ့ Downloads
 ဆိုတဲ့ဖိုတာကိုထပ်သွားချင်တယ်ဆိုရင်
    $cd Downloads လို့ရိုက်ထည့်လိုက်တာနဲ့ Downloads ဖိုတာထဲကိုေ၇ာက်သွားမှာဖြစ်ပါတယ်။
၂. ls =list
    ls က ကိုယ်ရောက်နေတဲ့နေရာသို့မဟုတ် ဖိုတာတစ်ခုရဲ့အထဲမှာဘယ်ဖိုင်တွေရှိတယ်ဘယ်ဖိုတာတွေရှိ
    တယ်ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။ ခုနကပြောသလို Downloads ဆိုတဲ့ဖိုတာလည်းရောက်ေ၇ာ
    ဖိုတာထဲမှာကိုယ်ဘာတွေဒေါင်းလုပ်ထားလည်း ဘာဖိုင်တွေထည့်ထားလည်းဆိုတာကြည့်ဖို့
    ls ကိုရိုက်ထည့်ပေး၇မှာဖြစ်ပါတယ်။ ls လို့ရိုက်ထည့်လိုက်တာနဲ့           ကအဲ့ဖိုတာထဲမှာရှိသမျှဖိုင်တွေဖိုတာတွေအားလုံး လာပြမှာဖြစ်ပါတယ်။ ဥပမာ
 $ ls /home/pinlonthar
   လို့ရိုက်လိုက်ရင် pinlonthar ဘာတွေရှိလည်းဆိုတာလာပြမှာဖြစ်ပါတယ်။
၃. rm =remove
    rm ဆိုတာကတော့ ဖြတ်တာပါ ။ဖိုင်တွေဖြတ်မယ်ဖိုတာတွေဖြတ်မယ်ပေါ့။ ဥပမာ
  $rm pinlonthar.txt
   လို့ရိုက်ထည့်လိုက်ရင် pinlonthar.txt ဆိုတဲ့ဖိုင်ကိုဖြတ်လိုက်မှာဖြစ်ပါတယ်။ ဖိုတာကိုတော့ဒီလိုလွယ်လွယ်နဲ့ဖြတ်လို့ရမှာမဟုတ်ပါဘူး။ ကြားမှာ option ခံရမှာဖြစ်ပါတယ်။
  $rm -rf pinlonthar (folder ဖြစ်သည်)
   ကြားမှာ -rf လို့ထည့်ပေးလိုက်ရင်ဖြတ်လို့ရပါပီ။ -rf ဆိုတာက recursive force ဖြစ်ပါတယ်။ဘာမှလာ
မေးတော့မှာမဟုတ်ပါဘူးတစ်ခါထည်းဖြတ်ဖြစ်လိုက်မယ်လို့ဆိုပါတယ်။
၎.mkdir=make directory
   ဒီ command ကတော့ ဖိုတာဆောက်ဖို့အတွက်ဖြစ်ပါတယ်။ဥပမာ
   $mkdir pinlonthar လို့ရိုက်ထည့်လိုက်ရင်
     pinlonthar ဆိုတဲ့နာမည်နဲ့ဖိုတာဆောက်ပေးမှာဖြစ်ပါတယ်။ ၀င်းဒိုးမှာတော့ right click >>>create new folder နဲ့တူတူပါပဲ ။
၅.touch= create file
   ဖိုင်ဆောက်ဖို့အတွက်အသုံးပြုရမယ့် command ဖြစ်ပါတယ်။ဥပမာ
  $touch pinlonthar.text
  ဆိုတာနဲ့ pinlonthar ဆိုတဲ့ text ဖိုင်ကိုဆောက်ပေးမှာဖြစ်ပါတယ်။ ၀င်းဒိုးမှာဆိုရင်တော့
  right click >> create new file နဲ့တူတူပါပဲ ။ကိုယ်ဆောက်ထားတဲ့ဖိုင်ရလားမရလားဆိုတာ
စစ်ဖို့အတွက် ls လို့ရိုက်ထည့်ကြည့်လိုက်ပါ ။pinlonthar.text ဆိုတာပေါ်နေမှာဖြစ်ပါတယ်။
၆.nano=create file or configure file
  nanoကတော့ touch နဲ့သိပ်မကွာပါဘူး ။ဖိုင်ဆောက်တာပါပဲ ။touch ကတော့ဆောက်ယုံသက်သက်ပါ
 စာပါဝင်ရေးလို့ပါတယ်။
  ဥပမာ ။ $nano pinlonthar.txt ဆိုတာနဲ့ အဲ့ဖိုင်ထဲမှဲာ့ကိုယ်ဘာတွေေ၇းမယ်ထည့်မယ်ဆိုတာအဆင်သင့်ဖြစ်ပီးသားပါ။ပြီးရင်အဲ့ထဲမှာ စာလေးသုံးလေးကြောင်း
လောက်ရေးလိုက်ပါ့ ။ဖိုင် save ဖို့အတွက် ctrl+o enter ctrl+x လို့နိပ်လိုက်ရင် ဖိုင်ကို save လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဖိုင်ထဲမှာကိုယ်ရေးထားတဲ့စာတွေပြန်ဖတ်ချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်မှာလည်း ... လွယ်လွယ်လေးပါ ။
၇.cat=ကြောင်မဟုတ်ဘူးနော် :P
   cat ဆိုတဲ့ command ကတော့ ဖိုင်တစ်ခုထည်းမှာ ကိုယ်ရေးထားတဲ့စာတွေပြန်ဖတ်ဖို့အတွက်ဖြစ်ပါတယ်။
 $cat pinlonthar.txt လို့ရိုက်လိုက်ရင် ခုနက ဖိုင်ထဲမှာရေးထားတဲ့စာတွေ လာပြမှာဖြစ်ပါတယ် ။
ဆက်လက်ကြိုးစားနေပါသည်။
credit By ITpinlonthar
Friday, August 30, 2013
AutoHideIP 5.3.7.2+[Crack](Update 29 Aug.2013) full version
Auto Hide IP တဲ့နော် full version ရမှာဖြစ်လို. လိုချင်သူများဒေါင်းထားကြနော် ဖိုင်ဆိုဒ်ကလဲ 4MB လောက်ပဲရှိလို. အဆင်ပြေပါတယ်
rar ဖိုင်ထဲမှာလဲ install လုပ်နည်းပါထည်.ပေးထားပါတယ် စိတ်ဝင်စားတယ်ဆိုရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ။
ဒီမှာဒေါင်းမယ်
                   အဆင်ပြေတယ်ဆိုရင် Like လေးလုပ်ပြီးအသိအမှတ်ပြုခဲ့ပါ။
ဘလော့ Hack မခံရအောင်ကြိုတင်ကာကွယ်မယ်
ဘလော့ဂါ တိုင်းမိမိတို.ဘလော့လေးကို ချစ်ကြမှာပါ ဘလော့လေးသာ hacker လက်ထဲပါသွားခဲ့ရင်ဘယ်လိုခံစားရမယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်မကြုံဖူးတောင်တွေးကြောက်ကြမယ်လို.ယုံပါတယ် ဒီတော့ ကာကွယ်မှုလေးလုပ်မယ်ဗျာ 
ဒီနည်းလေးကတော့ အကို ဘလော့ခရီးသည် ဆိုဒ်က နည်းလေးကို ပြန်လည်တင်ပြချင်းဖြစ်ပါတယ်။
အရင်ဆုံး ...
blogger.com ကိုဝင်ပါ မယ် bloggeer dashboard က settings ကိုဝင်ပါ ပြီးရင်တော့ other ထဲက blog tool ကိုသွားပါ 
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း export blog ကို နှိပ် download blog ကျလာရင် နှိပ်ပြီး ဒေါင်းလိုက်ဗျာ။ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကို လုံခြုံတဲ့နေရာမှာသိမ်းထားလိုက်ပါ။ ဘလော့သာ hack ခံရပြီးလုံးဝဖွင့်မရတော့ဘူးဆိုရင် blogger account တစ်ခုထပ်ဖွင့်ပြီး import blog မှာဒေါင်းထားတဲ့ဖိုင်ကိုပြန်တင်လိုက် နဂိုအတိုင်း comments ကအစပြန်ရမယ်ဗျာ... အားလုံးပဲအဆင်ပြေပါစေဗျာ
credit to=> ဘလော့ခရီးသည်
Modem တည်းတွင် SIM Card မ၇ှိဘဲ အင်တာနက်အသုံးပြု့ နည်း (ကြိုက်သလို ကလိနိုင်သည်)
https://sphotos-b.xx.fbcdn.net/hphotos-ash3/p480x480/1176269_218260974995594_1802110324_n.jpg 
ဒါလေးကတော့ Modem တည်းမှာ SIM Card မ၇ှိဘဲ အင်တာနက်သုံးနိုင်
သလို ကြိုက်သလို ကလိနိုင်ပါတယ်။ ဒီစာအုပ်ဖတ် ပြီးရင် နည်းနည်းဦးနှောက် ထပ်သုံးကြည့်ပါ။
နောက် လုပ်လို့ ရတဲ့နည်းတစ်ခု နဲ့ ချိတ် ဆက်နေသေးတယ် ဗျ ဒါကတော့ နောက်မှ အေးဆေးထပ်တင်ပေးမယ်ဗျာ။ ဒီစာအုပ်တောင် စာကျက်နေရင်း ပျင်းလို့ 
ရေး ချ ထလိုက်တာပါ။ စာအုပ်လေး က ဖတ်ရတာစာ မချောရင် ခွင့်လွတ်ပေးကြပါ ညီကိုမောင်နှမတို ..
ကဲ ဒေါင်းလော့ရယူဆိုသများ မိမိ ကြိက်နှစ်သက်ရာလင့်မှာဒေါင်းလော့ရယူနိုင်ပါပီ။
Download : Mediafire : ZippyShare : SolidFiles : Ziddu   
                ShareBeast  :  DropBox  
Another Server : Facebook Direct Download Link : =>   Click Here
(www.facebook.com/groups/minsoeyarsar မှမန်ဘာများအတွက်သာ) 
Thursday, August 1, 2013
Phishing ဟုတ်မဟုတ်စစ်ဆေးနည်း
phishing ဆိုတာဘာလဲ
phishing ဆိုတာဖေ့ဘုတ်အကောင်တွေကို hack လုပ်တာပါ login ၀င်မိရင်အကောင့်ပါသွားနိုင်သလို ပျက်သွားနိုင်ပါတယ် ကဲ့ပုံလေးမှာတစ်ချက်ကြည်.ပြီးလေ့လာကြည်.ပါ 
ဒါက facebook login ၀င်တဲ့စာမျက်နှာအစစ်ပါ
ဒါက phishing ပါအပေါ်က URL မှာကြည်.နိုင်ပါတယ်
 Link တွေ.တိုင်းမနှိပ်ကြဖို.လဲ သတိပေးလိုက်ပါရစေ