Thursday, March 13, 2014

Web Hacking Cheat Sheet

 


 Shell
shell ဆိုတာ များသောအားဖြင့် .php နဲ့  တွေ့ ရတတ်ပါတယ်…. php programming language နဲ့ ရေးပါတယ် သူ့ ကို php ဆိုက်တွေမှာ သုံးနိုင်ပါတယ်…. ဟီး ရယ် စရာ တစ်ခုပေါ့ blogspot ကို ဘယ်လို ဒဖေ့ တင်ရမယ်မှန်းမသိတုန်းက ဂူးဂဲမှာ လိုက်ရှာရင်းနဲ့  ဘရိုတွေ ဘရက်တွေဆီ အသံပစ်မိတယ် ဘယ်လို လုပ်ရမလည်းပေါ့ ခိခိ မပုံများ ရှဲ အရင်တင်လေတဲ့…. အဲ့တုန်းက ခေးဆိုတော့ ယုံချင်သလိုလိုကို ဖြစ်မိတယ် ဟုတ်လား မသိဘူးလို့ ကို တွေးဘူးတယ် ဟီး ဘလော့စပေါ့ဆိုတာ html သုံးပြီးရေးထားတာပါ အဲ့ဒါကြောင့် ဘယ်လို php ဖိုင်မှ အလုပ်မလုပ်ပါဘူး ဒါကြောင့် ရှဲတင်လို့ ရပါဘူး နောက်ထပ် asp ရှဲ ဆိုတာရှိပါတယ် သုံးတော့ သုံးဖူးပါဘူး asp language သုံးပြီးရေးထားတာပေါ့ asp ကတော့ သိပ်မဟက်ကြတာမို့  ဒီမှာ ထည့်မပြောပါဘူး အကုန် တူတူပါပဲ ဟီး သိပ်လည်း မသိလို့ ပါ php ဆိုက်တောင် တစ်ခါမှ မဟက်ဖူးတာမို့  ခုထိကို ခေးဆန်နေဆဲပဲ ၀က်ဆိုက် တစ်ခုပော် ရှဲတင်လိုက်ရင် ဘာလုပ်လို့ ရလည်းဆိုတော့ အဲ့ဒီ ဆိုက် တစ်ခုလုံးကို စိတ်ကြိုက် လုပ်ခွင့်ရပါပြီ ဆိုက်မှာ ရှိသမျှ စာမျက်နှာတွေ ဖျက်ပစ်နိုင်တယ် အသစ်တင်ချင်တာ ရှိ တင်နိုင်တယ် ဒါမှမဟုတ်လည်း စာမျက်နှာတွေကို ပြင်ရေးနိုင်တယ် index.php ဆိုတဲ့ ဆိုက်တစ်ခုကို ဖွင့်ဖွင့်ချင်း မြင်ရတဲ့ စာမျက်နှာကို စိတ်ကြိုက်ပြန်ပြင်နိုင်ပါတယ် …ဒါကတော့ ရှဲတိုင်းမှာ ပါတဲ့ အဓိက လုပ်ဆောင်ချက်ပါပဲ ဘယ်ရှဲ မဆို ဒါတွေ လုပ်လို့  ရပါတယ် …. တစ်ချို့  ရှဲတွေကတော့ အပိုလုပ်ဆောင်ချက်လေးတွေ ပါတတ်ပါတယ် အဲ့ဒါတွေကတော့ တစ်ခြားဆိုက်တွေကို ddos လုပ်လို့ ရတယ် md5 hash တွေ ဖြေလို့  ရတယ် email bomber အဖြစ်သုံးလို့  ရတယ် စသဖြင့် အများကြီး ရှိပါတယ် တစ်ခုနဲ့  တစ်ခုတော့ ပါတာ မတူပါဘူး

Anonymity
ဆိုက်တစ်ခုထဲ ၀င်တဲ့ အခါ အဲ့ဆိုက်က ၀င်တဲ့ သူရဲ့ ip ကို မှတ်ထားပါတယ် …. အဲ့ခါကျ ip အစစ်မပော်အောင် VPN တွေ သုံးပြီး ၀င်သင့်ပါတယ် …. ဒါဆို အတော်အတန် လုံခြုံပါတယ် …. VPN software ဆိုပြီး ရှိပါတယ် စမ်းသုံးကြည့်ပါ …. လုံခြုံဖို့  အတွက် ဆက်လက်လေ့လာကြည့်ပါအုန်း ခြေရာ လက်ရာ ကျန်တယ်ဆိုတာနဲ့  ကာကွယ်သင့်တယ် ဆိုတာပဲ ပြောချင်တာပါ ဟီး သူကတော်တော် ကျယ်ပြန့် တယ် …. ဆိုက်တွေ ဟက်ပြီးသွားရင် ရှဲကနေတစ်ဆင့် သေသေချာချာ ဖိုင်တွေ လိုက်ကြည့်ကြည့်ပါ log file ဆိုတာ တွေ့ တတ်ပါတယ် အဲ့မှာ ဖွင့်ကြည့်ရင် ကိုယ့် ip ကို တွေ့ ပါလိမ့်မယ် ဟီး အဲ့ခါကျ ဖျက်ခဲ့ပေါ့ဂျာ သောက်ညင်ကတ်ရင် အဲ့ log file မှာ hacked by backb0neb00t3r တို့ လို ဟာမျိုး ရေးခဲ့ ဟီးဟီး log နဲ့ ပတ်သတ်ပြီးတော့ ခုပြောသလောက် မရိုးရှင်းပါဘူး နောက်ကွယ်မှာဒီထက်ကို ပိုပြီး အိုင်ပီတွေ မှတ်ထားပါတယ် ဒါကြောင့် ကိုယ့် အိုင်ပီ အမှန်ကို သူသိသွားပြီဆိုရင် ပြန်ဖျက်ဖို့  မလွယ်တော့ပါဘူး စလုပ်တည်းက အိုင်ပီ ချိန်းထားသင့်ပါတယ် ဒါပေမယ့် ဆိုက်ပိုင်ရှင်တွေက အဟက်ခံရပြီဆို ဘာမှ လုပ်မနေပါဘူး ကိုယ့်ဆိုက် ကိုယ်ပြန်ပြင်လိုက်တာပါပဲ …. အရေးတယူ နိုင်ငံခြား ip တွေကို မလိုက်ပါဘူး အလုပ်တော်တော် ရှုပ်တဲ့ ကိစဿစပါ …. ဆိုက်ကို မူတည်ပြီး ကိုယ်အဆင်ပြေသလို သုံးပါ ဆိုက်က အမေရိကန် သမဿမတ ဆိုက် လိုမျိုး ဆိုရင်တော့ ဘရားသာဿး သိသမျှ တတ်သမျှ အကုန် ထုတ်သုံးပြီးသာ ကာကွယ်တော့ ဟီးဟီး မြန်မာနိုင်ငံက VPN တို့  ဘာတို့ သုံးလိုက်ရင် လိုင်းတော်တော် လေးသွားတာပါ တော်ရုံဆိုက်လောက်တော့ ip အမှန် သုံးလည်း ကိစဿစမရှိပါဘူး ….. ဒီလောက်ဆို ip နဲ့  ပတ်သတ်လို့  ဘာလုပ်သင့်တယ် ဆိုတာ သိပြီ ထင်ပါတယ် …. နောက်ထပ် တစ်ခုအနေနဲ့  ကိုယ့်စက်ထဲက ခြေရာလက်ရာတွေကို ဖျက်ပစ်ပါ history, cookies, login data စသဖြင့် အကုန် ဖျက်ပစ်ပါ cleaner software သုံးရင်လည်းသုံး မဟုတ်လည်း ဟက်ခါနီးလေးမှာ deepfreeze သုံးလိုက်ပါ ဒါဆို restart ချလိုက်တာနဲ့  မူလ မဟက်ခင် အနေအထား ပြန်ေ၇ာက်သွားပါလိမ့်မယ် ….

hash
hash ဆိုတာ စကားလိမ် တစ်မျိုးပဲဗျ …. ၀က်ဆိုက် အက်ဒမင်တွေရဲ့ ပက်စဝေါ့ကို ဒီတိုင်း မသိမ်းပါဘူး database မှာ hash အဖြစ် ပြောင်းလဲပြီးမှ သိမ်းတာပါ ကျွန်တော့်က အက်ဒမင် တစ်ယောက်ဆိုပါတော့ ကျွန်တော့် ပကစ်ဝေါ့က password ပါ ဒါကို ဒီအတိုင်း ဒက်တာဘေ့စ်မှာသိမ်းရင် အနဿတရာယ် များတာမို့  လုံခြုံအောင် ဒီလိုလေး hash လုပ်လိုက်ပါတယ် 5f4dcc3b5aa765d61d8327deb882cf99 အဲ့ဒါကြီးကိုဒက်တာဘေ့စ်ထဲက ရသွားလည်း မူလအမှန်ကို မသိနိုင်သေးလို့  အက်ဒမင်နေရာ မရသေးပါဘူး ဒါဆို လုံခြုံတယ်ပေါ့ဗျာ hash လုပ်နည်း အများကြီး ရှိပါတယ် ခုနဟာကိုတော့ md5 ဆိုတဲ့ hash လုပ်နည်းနဲ့  လုပ်ထားတာပါ ဆိုက်တစ်ခုကို ဟက်တဲ့အခါ hash အနေနဲ့ ပဲ ပက်စဝေါ့ကို ရလာရင် အက်ဒမင်အဖြစ် သုံးနိုင်ဖို့  မူလစာသား အဖြစ် ( plain text လို့  သုံးနှုန်းကြပါတယ် ) ပြန်ပြောင်းဖို့ လိုပါတယ် အဲ့ဒါကို online hash cracking site ဒါမှမဟုတ် hash cracking software တွေနဲ့  ပြောင်းရပါမယ် …. ဆက်လေ့လာကြည့်ပါအုန်း

mirror
ဘရားသားက ဆိုက်တစ်ခုကို ဟက်လိုက်နိုင်ပြီ ဆိုပါစို့  ဟက်နိုင်ကြောင်း သက်သေအနေနဲ့  ခုလောလောဆယ်တော့ ရှဲတို့  deface တို့  ပြနိုင်ပေမယ့် နောက်ကြာလာလို့  ဆိုက် အက်ဒမင်က ရှဲကို ဖျက်ပြီး ပက်စဝေါ့ပြောင်းလိုက်ရင် ကိုယ်ဟက်နိုင်ခဲ့ကြောင်း သက်သေပြဖို့  မဖြစ်နိုင်တော့ဘူးလေ အဲ့ဒါဆို hack-db.net တို့ လို ဆိုက်မျိုးတွေမှာ ကိုယ်ဟက်နိုင်ခဲ့တာကို သွားပြထားလိုက်ရင် ( notify လုပ်တယ်လို့  ခော်ပါတယ် ) သူတို့ က စစ်ဆေးပါတယ် မှန်ရင် လက်ခံပြီး လင့်ခ်တစ်ခုပေးပါတယ် အဲ့လင့်ခ်က mirror ပါပဲ ယေဘုယျအားဖြင့်တော့ mirror လုပ်တယ်ဆိုတာ အဲ့လို သက်သေသွားလုပ်တာကို ပြောလေ့ ရှိပါတယ် နောက်ပိုင်းတော့ သိလာမှာပါ ….

admin panel & cpanel
အရင်တုန်းက အက်ဒမင် ပန်နယ် နဲ့  စီပန်နယ် ဆိုတာ တူတူပဲ အောက်မေ့တာ ဟီး cpanel ဆိုတာ ၀က်ဆိုက်တင်ထားတဲ့ space တစ်ခုလုံးကို လိုသလို ထိန်းချုပ်နိုင်တဲ့ နေရာ …. ရှုပ်သွားလား သိဘူး …. ကျွန်တော်တို့  ၀က်ဆိုက် တစ်ခုလုပ်ချင်တဲ့ အခါ နှစ်မျိုးလိုအပ်ပါတယ်…. CMS နဲ့  Database ပါ အဲ့ နှစ်ခုကို ချိတ်ဆက်ပြီး ဆိုက်တစ်ခုဖြစ်လာတာပါ …. CMS ဆိုတာ ၀က်ဆိုက် လုပ်တဲ့ ဆော့ဝဲလ်လို့  အလွယ် ပြောလို့ ရပါတယ် wordpress cms , joomla cms စသဖြင့် ရှိပါတယ် …. ကျွန်တော်တို့  ဖိုရမ်ကို vBulletin ဆိုတဲ့ cms နဲ့ လုပ်ထားတာပါ အဲဒီ cms ကို hosting server ပော် upload လုပ်ပြီး ၀က်ဆိုက်ကို ထောင်ရပါတယ် အဲ့လို upload လုပ်လိုက်ရင် ၀က်ဆိုက် တစ်ခု ရလာပါတယ်…. အဲ့ဝက်ဆိုက်ထဲမှာမှ အက်ဒမင် ပန်နယ်ဆိုပြီး ပို့ စ်တွေ တင်ဖို့  themes တွေ ချိန်းဖို့ အတွက် ၀င်တဲ့ နေရာ ရှိပါတယ်…. ဒါက အက်ဒမင် ပန်နယ်ပေါ့ …. စီပန်နယ် ဆိုတာက cms ကို upload လုပ်ဖို့  အတွက် ၀င်ရတဲ့ နေရာပါ သူက ပိုမြင့်တယ်ပေါ့ ဆိုက်ကြီး တစ်ခုလုံးကို ကြိုက်တဲ့ အချိန် ရှိသမျှ ဖိုင်အကုန် delete လုပ်ပစ်နိုင်ပါတယ် ကြိုက်တဲ့ အချိန် နောက်ထပ် ဆိုက်တစ်ခု ပြောင်းလဲ ထောင်နိုင်ပါတယ်…. ဒီလောက်ဆို ကွဲပြားတာကို သိပြီ ထင်ပါတယ်…. အက်ဒမင် ပန်နယ်ဆိုတာ ပို့ စ်တင်ရုံပဲ ရတယ် ဘာမှ လုပ်လို့  မရပါဘူး …. သူတို့ နှစ်ခုရဲ့ ပက်စဝေါ့ကလည်း မတူပါဘူး …. အက်ဒမင် ပန်နယ်ကနေ စီပန်နယ် password ကို crack လို့  ရပါတယ် …. ဘယ်လိုလည်း ဆိုတာကို ဆက်လက်လေ့လာကြည့်ပါအုန်း ….

Server Rooting
ဝက်ဆိုက်ပေါင်းများစွာကို တင်ထားတဲ့ host လုပ်ထားတဲ့ ဆာဗာ တစ်ခုကို root လုပ်တယ်ဆိုတာ အဲ့ဆာဗာကို ထိန်းချုပ်ခွင့် ရသွားတယ်လို့ ပဲ ဆိုရမှာပေါ့ …. ဆာဗာ ကို root လုပ်နိုင်ရင် အဲ့ဆာဗာမှာ တင်ထားသမျှ ဆိုက်အကုန်လုံး ထိန်းချုပ်နိုင်ပါပြီ တော်တော် အဆင်ပြေတယ် ဟီးဟီး ဘယ်လို လုပ်ရမလည်း ဆိုတာတော့ ဆက်လေ့လာကြည့်ပါအုန်း ….

Web hacking basic steps
လုံးဝကို မသိတာကနေ ဆရာကြိး တစ်ယောက်အဖြစ် သင်ယူနိုင်ပါတယ် …. အားလုံးကို အင်တာနက်ထဲမှာ လေ့လာနိုင်ပါတယ် ပထမဆုံး

1.html, css
2.php
3.database
4.javascript
5.cookies

ဒါတွေကို လေ့လာပါ အကုန်လုံးကို ကုဒ်တွေ အလွတ်ရနေဖို့ မလိုပါဘူး ကုဒ်တွေဖတ်နိုင်ရုံလောက်ဆိုတော်ပါပြီ ရေးစရာ ကြုံလာရင် စာအုပ်ဖွင့်ပြီး ပြန်ကူးဂျာ ဟီးဟီး စာမေးပွဲဖြေနေတာမှ မဟုတ်တာ အတွေ့ အကြုံက သူ့ သာသာ သင်ပေးလိမ့်မယ် အကျင့်ရလာရင် သူဘာသာ မှတ်မိ လာလိမ့်မယ် …. သင်တန်းတက်ဖို့  မလိုပါဘူး အကုန်လုံး လိုင်းပော်မှာလေ့လာနိုင်ပါတယ် ကျွမ်းသွားတဲ့ထိ …. မယုံရင် လေ့လာလိုက်ပါ …. ဒါတွေကတော့ လိုအပ်တဲ့ အသိတွေပါ လေ့လာသင့်တဲ့ ပထမဆုံး hacking methods တွေက

1.SQL injection
2.XSS
3.LFI, RFI

ဒါတွေက စကြပါတယ် SQL injection ရယ်လို့  ဂူးဂဲ သို့ မဟုတ် ဖိုရမ်တစ်ခုခုမှာ ရှာလိုက်ရင် ကျူတို တွေ ရလာမှာပါ ဖတ်မှတ်ပြီး စမ်းသပ်နိုင်ပါပြီ တစ်ခြား ဟာတွေလည်း ဒီအတိုင်းပါပဲ SQL injection က အသုံးအ၀င်ဆုံး နည်းတစ်ခုပါ အဲ့နည်းနဲ့  ဟက်နိုင်တဲ့ ဆိုက်တွေမှ သောင်းသိန်းတောင် မကဘူး ဟီး …..

နိုင်ငံခြားပို့ စ်တစ်ခုဖတ်ရင်း အဲ့ကမေးခွန်းလေးတွေရယ် ကျွန်တော် တိုင်ပတ်ခဲ့ဖူးတဲ့ဟာလေးတွေရယ် ပေါင်းထည့်ထားပါတယ်

Credit to =>booter's playground

နည်းပညာတိုးတက်စေရန်အလို.ငှာ ကူးယူဝေငှခြင်းဖြစ်ပါသည် (မြန်မာပြည်လူငယ်)

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

0 comments:

Post a Comment