Friday, March 21, 2014

သွားသတိ စားသတိ Online တက်လဲသတိလေးထားပြီးတက်ပါ

 


မင်္ဂလာပါဗျာ ကျွန်တော်လဲအလုပ်မအားတာကြောင့် ဘာစာမှလဲမရေးဖြစ်တဲ့ရက်တွေမှာ ကျွန်တော်ဝါသနာ ပါတာလေးကို မရ ရတဲ့ အချိန်လေးတွေမှာလေ့လာနိုင်အောင် Facebook လေးအမြဲဖွင့်ထားပြီး အာရုံစိုက် ထားပါတယ် မကြာခဏဆိုသလို အလကားရနေတဲ့ facebook အကောင့်တွေကို အောက်တန်းကျတဲ့ နည်း လမ်းပေါင်းစုံသုံးပြီး ခိုးယူနေကြတာလဲ ကြားနေရပါတယ် ဒီနေ.တော့ တကယ့်လက်တွေ. သူခိုးက မခေါ် ပဲကျွန်တော့ဆီ တည်.တည်.ကြီးရောက်လာလို. စာဖတ်သူများလဲသတိထားနိုင်အောင် ဒီနေရာကနေ လက် လှမ်းမှီသလောက် အသိပေးလိုက်ပါတယ် ဖြစ်ပုံက တော့ အောက်မှာပြထားတဲ့ပုံထဲကလိုပါ


အဲ့လိုကြီးလာပြောတယ်ဗျာ ...... ဟီးးးး ဒီကကောင်က ငပိန်းဆိုတော့ကာ တစ်ချက်ကြည်.လိုက်တယ် .... အမ် Facebook ကနေ Like လုပ်ခိုင်းတာကလဲ..... ဟွင့်  110mb.com ကြီးနဲ.ပါလားပေါ့ နော်~~ဟီးးးး
ဦးနှောက်ကို အလုပ်နည်းနည်းပေးလိုက်တယ် ....သြော်သိပြီ ဟီးးး ဒီနေရာမှာ ရေးခဲ့ဖူးတဲ့ နံပါတ်သုံး free hosting ကြီးနဲ.လုပ်ထားတဲ့ အတုကြီးပဲဆိုတာ .......ဟီးးးးးး ကျန်တာတော့မပြောတော့ပါဘူး ဆက်ပြောရင် ဘယ်လောက်ရိုင်းလဲ ပေါ်ကုန်တော့မယ် ..........:P

ထားပါ အခုကျွန်တော်အဓိကပြောချင်တာတော့ www.facebook.com  မဟုတ်ရင်လုံးဝ လုံးဝ မ၀င်ကြဖို. အဓိကပြောချင်ပါတယ် ဗုဒ္ဓဘာသာဖြစ်လို.ဟဲ့ မျိုးစောင့် ဥပဒေ ဖြစ်နေလို.ဟဲ့ ဘာပဲဖြစ်ဖြစ် Like လုပ်ရဖို. အရေးကြီးတယ် ဆိုပြီး ဘာဆိုဘာမှ သတိမရတော့ပဲ မျိုးချစ်ပုဂ္ဂိုလ် ဖြစ်ဖို.အရေး မြန်မြန်လေး သွားလုပ် လိုက်ရင် တန်ဖို.မရှိပေမဲ သင့်ရဲ. သံယောဇဉ် ထားရတဲ့ facebook account လေးဆုံးရှုံးရမဲ့အပြင် ကိုကြွား ကြီးများရဲ. Like Page ကြီးမှာလဲ ခိုးလို.ရထားတာကို HACK လုပ်လို.ပဲရထားသယောင်ယောင်နဲ. ကြွားလုံး ထုတ်တာကို ခံရအုံးမှာပါ ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာတစ်ခုတော့ ဆုံးရှုံး ရမှာပေါ့ဗျာ သူတို.က ရိုင်းရိုင်းပြော ရရင် အခြောက်အကောင့်တွေ ယောက်ျားလုံးအကောင့်တွေတောင်ချန်တာမဟုတ်ဘူး ရသမျှခိုးပြီး ကြွား နေတာ ဟီးးးးးးးး ပုတ်ခတ်တာမဟုတ်ဘူးနော် အောက်တန်းကျတဲ့ နည်းနဲ. ဟက်ကာဆိုတဲ့ ဂုဏ်ပုဒ်ကိုခံယူ ချင်နေတာ လုပ်တော့လဲမသေမသတ်နဲ. အောက်ကပုံထဲမှာကြည်.ဗျာ ဒါမျိုးတွေ.တိုင်းသတိထားပေါ့
 ဟီးးးးး hladaunn.php နဲ.တောင်လုပ်ထားတာ ဗျ ဟီးးးးး ကိုလှဒန်ရေးထားတာထင်ပါတယ် ဇူကာဘတ်ရဲ. မြန်မာနာမည်လားတောင်မသိဘူး ...........ဟီးးးးးးးးးး စော်ကားတာမဟုတ်ပါဘူး ခိုးတက်တဲ့ ဥာဏ်ကိုတော့ လေးစားပါတယ် ဒီပို.စ်လေးကို များ ကိုကို သူခိုးကြီးဖတ်မိသည်ရှိသော် နောက်တစ်ခါ ဒီ့ထက်သေသပ်တဲ့ နည်းလေးနဲ.တက်လာခဲ့ပါလို. စိန်ခေါ်ရင်း မြန်မာပြည်လူငယ် (ခ) Net Cut က အားလုံးကိုလဲအောက်တန်း ကျတဲ့ သူခိုးရန်က ကာကွယ်နိုင်အောင်သတိလေးပေးလိုက်ပါတယ်.................. အားလုံးပဲအဆင်ပြေပါစေဗျာ


     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

0 comments:

Post a Comment