Tuesday, December 3, 2013

Linux/Fedora OS (Desktop & Server) မှာ Fedup သုံးပြီး V18 ကနေ 19 ကို Upgrade လုပ်မယ်

ဒီ Post မှာတော့ Fedora System Version မြင့်တဲ့နည်းပဲဖြစ်ပါတယ်။

ကျွန်တော်လည်း Beginner တစ်ယောက်မို့ အမှားပါရင်ခွင့်လွတ်ပေးဖို့ ပြောချင်ပါတယ်

ဒီ Upgrade လုပ်တဲ့နည်းကတော့ Desktop and Server နှစ်ခုစလုံးမှာအလုပ်လုပ်ပါတယ်။


                   

Step 1.

Terminal ကိုဖွင့်ပီး $ su လို့ရိုက်ပီး root password ပေးလိုက်ပါ။ အဆို ကျွန်တော်တို့ root user အဖြစ်ပြောင်းသွားပါလိမ့်မယ်။





Note: ကျွန်တော်တို့ Upgrade လုပ်မယ့်စက်ဟာ ၆၀၀ MB RAM နှင့်အထက်ရှိဖို့လိုပါတယ် ။မဟုတ်ရင်တော့ error တက်ပါလိမ့်မယ် ။



Step 2.

ကျွန်တော်တို့ အရင်ဆုံး rpm package တွေကို upgrade လုပ်၇မှာဖြစ်ပါတယ်။



# yum update rpm

#yum -y update

#yum clean all

Note: yum -y update လုပ်တုန်းက စောင့်ကြည့်ဖို့လိုပါတယ် အကယ်လို့ အဲ့ချိန်က kernel အသစ် Install လုပ်သွား ရင် စက်ကိုတစ်ခါထည်း Reboot လုပ်ဖို့

လိုပါတယ်။

# reboot လို့ရိုက်လိုက်ပေါ့။ ( reboot ဆိုတာ restart ကိုဆိုလိုတာပါ )

Reboot လုပ်ပီး ပြန်တက်လာရင် root အနေနဲ့ login ပြန်ဝင်လိုက်ပါ။

Step 3.

ကဲခုတော့ကျွန်တော်တို့ upgrade process စနိုင်ပါပီ ။

Fedup ( Fedora Updater) ကိုသုံးပြီးတော့ပေါ့။

#yum install fedup

#fedup-cli –network 19

#reboot



reboot လုပ်နေတဲ့ချိန်မှာ စိတ်ရှည်ရှည်လေးတော့ထားပေးပေါ့ နည်းနည်းကြာပါတယ်။

အားလုံးအဆင်ပြေပါစေ ဗျာ။

BY Itpinlonthar

0 comments:

Post a Comment