မင်္ဂလာပါဗျာ......ကျွန်တော် ဒီရက်ပိုင်းအလုပ်ရှုပ်နေတာနဲ.ပဲ ဘာပို.စ်မှလဲမတင်ဖြစ်ပါဘူး ကျွန်တော့ဆရာတွေ ကူညီရေးပေးနေလို.သာ ဘလော့လေးမှာပုံမှန်ပို.စ်တက်နေတာပါ... သူ.ဘလော့ကိုယ့်ဘလော့မခွဲခြားပဲ ပို.စ်များတင်ပေးခဲ့သော ဘလော့ဂါအကို ဆရာများကိုလဲ ကျေးဇူးတင်ကြောင်းပြောပါရစေ.... ဒီနေ.ကျွန်တော် လေ့လာစုဆောင်းထားတာလေးနည်းနည်းကို အခုမှစတင်လေ့လာသူတွေအတွက် တင်ပေးချင်ပါတယ် ကျွန်တော်ကိုယ်တိုင်လဲ တက်သိနားလည်လို.မဟုတ်ပါဘူး ဒီလိုပဲ အွန်လိုင်းစာမျက်နှာတွေမှာမွှေနှောက်စုဆောင်းခဲ့တာလေးပါ ဘယ်ကနေရလဲမသိတော့လို. ပို.စ်ပိုင်ရှင်များလဲစိတ်မဆိုးကြပါနဲ. Bing ဆိုတာဘာလဲ သိသွားအောင် အခြေခံလောက် ပြောပြပေးပါမယ် Bing search engine ဆိုတာဟာ Microsoft မှ လွင့်တင်ခဲ့တဲ့ search engine တစ်ခုဖြစ်ပြီး ၎င်းဟာ
Live search, Windows Live Search , နှင့် MSN Search အနေဖြင့်အသုံးပြုရန်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း
မှာတော့ Bing ဟာ အရာရာပြီးပြည့်စုံတဲ့ search engine တစ်ခုဖြစ် လာခဲ့ပြီး Google , Yahoo တို့နှင့်
ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေဆဲ search engine တစ်ခုပဲ ဖြစ်ပါတယ်။ Bing Search engine အား 2009 ခုနှစ်
မေလ တွင် Microsoft CEO Steve Ballmer မှ စတင်ကြေညာ မိတ်ဆက်ခဲ့ပြီး ၎င်းရဲ့ အားသာချက်အချို့ကိုပါ
ပေါင်းစပ် သရုပ်ပြ ခဲ့ပါတယ်။ Bing နှင့်ပတ်သက်၍ Preview version ကိုတော့ 2009 ခုနှစ် ဇွန်လတွင်
လွင့်တင်မိတ်ဆက်ခဲ့ပြီး ဇွန်လ 3 ရက်နေ့မှာတော့ အပြီးသတ်လွင့်တင်နိုင်ခဲ့ပါတယ်။ ယခုနှစ် ဇန်န၀ါရီ
လမှာတော့ Bing အသုံးပြုနှုန်းဟာ 3.16 % အထိရှိလာပြီး တတိယလူသုံးအများဆုံး Search engine
ဖြစ်လာခဲ့ပါတယ်။
Bing search engine ရှိ နောက်ခံဓာတ်ပုံများဟာ အမြဲတစေ ပြောင်းလဲနေပြီး ၎င်းဓာတ်ပုံများဟာ
ကမ္ဘာအနှံ့ အပြားရှိ နာမည်ကြီးရှုခင်းဓာတ်ပုံများ၊ သဘာဝအလှပုံများ၊ အားကစားနှင့် လေးစားဖွယ်ရာ
ပုဂ္ဂိုလ်များ အစရှိသည်တို့ကို လွင့်တင်ပေးထားခြင်းဟာ Bing ရဲ့ ထူးခြားချက် တစ်ရပ်ဖြစ်ပါတယ်။
ထို့ပြင် ၎င်းရဲ့ နောက်ခံဓာတ်ပုံများကြောင့် သတင်းအချက်အလက်များ ရရှိစေရန်နှင့် ဗဟုသုတ တိုးပွားစေရန်
ရည်ရွယ်လွင့်တင်ထားခြင်း ဖြစ်တယ်လို့ သုတေသီများက ချီးမွမ်းပြောဆိုခဲ့ကြပါတယ်။
Bing တွင် ဓာတ်ပုံများရှာဖွေရာ၌ perview အနေဖြင့် ရှုခင်းအလှပုံများကို ဝေေ၀ဆာဆာ
ဖော်ပြပေးထားတာကြောင့် အသုံးပြုသူကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ ဓာတ်ပုံပေါင်းမြောက်များစွာအား
အချိန်ခဏတာအတွင်း ရှာဖွေပေးနိုင်ပြီး အခြား related search ခေါင်းစဉ်များကိုလည်း Bing ၏
ဘယ်ဖက်တွင် ဖော်ပြပေးထားတာကိုတွေ့ရပါတယ်။
ဓာတ်ပုံအရွယ်အစား၊ layout အပြင်အဆင်၊ အရောင်၊ စတိုင်၊ အစရှိသဖြင့် အသေးစိတ်ပြင်ဆင်ရှာဖွေပေးနိုင်ပြီး
၎င်းအောက်ခြေ၌ Search History ကိုပါ တစ်ပါတည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။
ထိုကဲ့သို့ အဆင့်မြင့် search engine တစ်ခုဖြစ်သည့် Bing ၏ အားသာချက်တွေကတော့
1. Bing တွင် ဗီဒီယိုများကိုရှာဖွေရာတွင် ဗီဒီယို၏ ကြာမြင့်ချိန်၊ စကရင်အရွယ်အစား၊ resolution တို့ကို
အသေးစိတ် ပြင်ဆင်အသုံးပြုနိုင်ပါတယ်။
2. အားကစားနှင့်ပတ်သက်သောပွဲရလဒ်များကိုတိုက်ရိုက်ရှာဖွေနိုင်ပါတယ်။ ဥပမာအားဖြင့် လက်ရှိထုတ်
လွင့်နေတဲ့ ကမ္ဘာ့ဖလားရလဒ်ကို သိရှိလိုပါက World cup score ဟုရိုက်ထည့်ကာ ရှာဖွေကြည့်ပါ။
ထိုအခါ မည်သည့်အသင်းများယှဉ်ပြိုင်ခဲ့သည် မည်သူနိုင်ခဲ့သည်ဆို တာကို ရှင်းလင်းတိကျစွာပြန်လည်
ဖော်ပြပေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
3. Bing မှတဆင့် stock ဈေးကွက်ကို တိုက်ရိုက်ကြည့်ရှု ရှာဖွေနိုင်ပါတယ်။
4. သင်္ချာကိန်းဂဏန်းများကို Bing မှတဆင့် တွက်ချက်ကာ အဖြေရှာဖွေနိုင်ပါတယ်။ လွယ်လွယ်
ပြောရရင်တော့ ဂဏန်းပေါင်းစက်လို အသုံးပြုနိုင်ပါတယ်။
5. လေယဉ်လမ်းကြောင်း၊ သင်္ဘောလမ်းကြောင်းများကို ကုမ္ပဏီအမည်ရိုက်ထည့်၍ တိုက်ရိုက်ရှာ
ဖွေနိုင်ပါတယ်။
6. အဘိဓာန်အနေဖြင့် အသုံးပြုရန်အတွက်ကတော့ မိမိသိရှိလိုသော စကားလုံးကို define
ခံကာရိုက်ထည့် ရှာဖွေနိုင်ပါတယ်။
7. Bing အား စာလုံးပေါင်းသတ်ပုံစစ်ဆေးပေးသည့် Spelling check အနေဖြင့်အသုံးပြုနိုင်ပါတယ်။
8. Bing မှတဆင့် ကျန်းမာရေးနှင့်ပတ်သက်သော သတင်းအချက်အလက်များ လေယဉ်လက်မှတ်
ဝယ်ယူရရှိနိုင်မည့် လေဆိပ်လိပ်စာများကို တိုက်ရိုက်ရှာဖွေနိုင်ပါတယ်...........
ဒီပို.စ်လေးကိုတော့ကျွန်တော်ဗဟုသုတအနေနဲ.ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ် အားလုံးပဲအဆင်ပြေပါစေဗျာ.............................
0 comments:
Post a Comment