Saturday, January 25, 2014

Linux History

**** Linux OS history***    ကျွန်တော်တို့Linux OS ကိုအသုံးပြုမယ်ဆိုရင်အနည်းဆုံးတော့ သူ့ History ကိုနည်းနည်းပါးပါးတော့သိသင့်ပါတယ်။ဗဟုသုတအနေဖြင့်ပဲ အကြမ်းဖျင်းကျွန်တော်ပြောပြမှာပါ ။
 Linux OS ဆိုတာ တစ်ကိုယ်ရေသုံးကွန်ပျူတာနဲ့ အလုပ်ခွင်မှာ အတွက်တွက်လက်မြန်ဆန်ပြီး အသုံးပြုလွယ်တဲ့ Open Source Operation System တစ်ခုဖြစ်ပါတယ်။Linus Torvalds ဆိုသူဟာ ၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Programmer တွေနဲ့အတူ Linux ဆိုတဲ့ OS ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ချိန်တုန်းက Linus Torvalds ဆိုသူဟာ Helsinki Universityမှာ Computer Science ကျောင်းသားတစ်ဦး ဖြစ်နေပြီးကျောင်းက ကျောင်းသားတွေကို Unix နှင့်မတူတဲ့ Min-ix ဆိုတဲ့ Program တစ်ခုကို Project လုပ်ကြရင်း Linus Torvalds ကPC တွေမှာသုံးဖို့ Operation System ဆိုပြီး Linux ဟုတ်အမည်မဲ့ကာ ၁၉၉၁ မှာ Version 0.11 ဆိုပြီး ကမ္ဘာတစ်ဝှမ်းလုံးကို အင်တာနက်ကနေစတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့ Linus Torvalds ကLinux လို့အမည်ပေးရတာလည်းဆိုတော့ သူ့ရှေ့နာမည် Linus နဲ့ Unix နဲ့ပေါင်းထားတာဖြစ်ပါတယ်။ သူက Open Source ဆိုတော့ World wide web မှာရှိတဲ့ Programmer တွေက အင်တာနက်ပေါ်မှာSource Code တွေယူပြီး Linux ကိုထပ်ထည့်ဖြည့်ပေးခြင်း၊အချောသတ်ခြင်းဖြင့် ယနေ့တွေ Standard Unix system မှာပါဝင်တဲ့ Features တွေအတိုင်းလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ယခုချိန်ထိ Linux OS ဟာ Developed ဖြစ်နေဆဲပါ။
 Posted By admin : MR.OL

 copy from =>Pinlon Cyber Tech

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

1 comments:

Post a Comment