Wednesday, February 12, 2014

BIOS ဆိုတာဘာလဲ ???

 


 BIOS ဆိုတာ ဘာလည်းလို့  ဆွေးနွေးကြည့် ကြပါမယ်…. သူ့ ရဲ့ အရှည်ကောက်ကတော့ Basic Input/Output System ပါ…. အဲ့ဒီ BIOS ထဲမှာ ကွန်ပျူတာအတွက် လိုအပ်တဲ့ Programs လေးတွေ အများကြီးပါပါတယ်…. BIOS ဆိုတဲ့ programs အစုအဝေးလေးကို မားသားဘုတ်ပေါ်က chip တစ်ခုထဲမှာ ထည့်ထားပါတယ် တစ်ချို့  မားသားဘုတ်တွေဆိုရင် AMI BIOS, Phoenix BIOS စသဖြင့် chip ပေါ်မှာ အသေအချာ ရေးပြထားပါတယ်…. အခု အဲ့ဒီ BIOS လေးက ဘာတွေ လုပ်ပေးလည်း ဆိုတာ ဆက်သွားကြပါမယ်…. ကျွန်တော်တို့  ကွန်ပျူတာကို စဖွင့်လိုက်ပြီဆိုရင် အရင်ဆုံး BIOS ထဲက POST program ကို စလုပ်ပါတယ်…. POST(Power On Self Test) က ကွန်ပျူတာအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ အဆင်ပြေ မပြေ စစ်ဆေးပါတယ် အဆင်မပြေတာရှိရင် အယ်ရာပြပါတယ်…. ဘာတွေ လိုအပ်တယ်ဆိုတာ ကတော့ BIOS ထုတ်လုပ်သူ အပေါ် မူတည်ပါတယ် AMI, Phoenix စသဖြင့်ပေါ့…. ဟိုးအရင်က BIOS တွေကျ keyboard မရှိလည်း အယ်ရာ ပြတယ် ခုနောက်ပိုင်းတော့ မပြတော့ဘူး သူ့ ရဲ့ ထုတ်လုပ်သူ အပေါ်မူတည်တာပေါ့…. အဓိကကတော့ CPU, RAM တို့ ကို စစ်ဆေးပါတယ် သူတို့ မှ မရှိရင် ကွန်ပျူတာကြီး မဖြစ်နိုင်တော့ဘူးလေ…. BIOS ထုတ်လုပ်သူက စစ်ဆေးခိုင်းတဲ့အတိုင်း စစ်ဆေးတဲ့ အခါမှာ တစ်ခုခုက အလုပ်မလုပ်နိုင်ဘူး အဆင်မပြေဘူး ဆိုရင် အယ်ရာပြပါတယ်…. Hardisk မရှိတာတို့  ဘာတို့ ဆို No boot device available ဆိုပြီး အယ်ရာပြပါလိမ့်မယ် အဲ့ဒါဆို Hardisk ကို စစ်ဆေးရုံပါပဲ အဲ့လိုမျိုး စာသားနဲ့ လည်း ပြသလို အသံနဲ့ လည်း ပြတတ်ပါတယ်…. RAM လွတ်နေတာတို့ မကောင်းတာတို့ ဆို တီ တီ တီ ဆိုပြီး အသံ ဆက်တိုက် မြည်ပြီး အယ်ရာပြပါလိမ့်မယ်…. BIOS ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး စာသား အယ်ရာလေးတွေ အသံ အယ်ရာလေးတွေက ကွဲပြားနေမှာပါ…. အားလုံး အဆင်ပြေရင်တော့ တီ ဆိုပြီး တစ်ချက်မြည်ပါလိမ့်မယ်…. POST လုပ်ပြီးတာနဲ့  BIOS က boot sequence အတိုင်း boot လုပ်ဖို့  ကြိုးစားပါတယ်…. OS loading ဖြစ်သွားတာနဲ့  ကျန်တာကို OS က ဆက်လုပ်သွားပါတော့တယ်…. ဒါက BIOS ရဲ့ လုပ်ဆောင်ချက် နှစ်ခုပေါ့ POST နဲ့ BOOT…. နောက်တစ်ခုကတော့ essential drivers တွေ ပါတာပါ… ကျွန်တော်တို့  Printer တစ်ခု အလုပ်လုပ်နိုင်ဖို့  driver install လုပ်ပေးရပါတယ် အဲ့ဒါမှ အဲ့ဒီ ပရင်တာက အလုပ်လုပ်နိုင်မှာပါ…. အဲ့လိုပဲ hardisk, keyboard, mouse, graphic card စတာတွေလည်း driver လိုပါတယ်…. Driver ဆိုတာ OS နဲ့  hardware ကြားက စကားပြန်ပေါ့ ကျွန်တော်တို့ က printer ကို စာလုံးတွေနဲ့  စာရွက် တစ်ရွက်ကို ထုတ်ပေးစေချင်ရင် OS က driver ကို ဘယ်လို ဘယ်လို စာလုံးတွေ ပါစေချင်တယ်လို့  ပြောပါတယ် ဒါမှ သူက printer ကို ပြန်ပြောပေးနိုင်မှာပါ…. ကျွန်တော်တို့  သေချာ စဉ်းစားကြည့်မယ်ဆိုရင် ၀င်းဒိုးမတက်ခင်မှာ OS မတက်ခင်မှာ keyboard, hardisk စတာတွေက အလုပ်လုပ်နိုင်နေဖို့  လိုပါတယ် အဲ့လိုမှ မလုပ်နိုင်ရင် CMOS ထဲကို del ကီးတွေ ဘာတွေ နှိပ်ဝင်လို့  မရပဲ ဖြစ်နေပါလိမ့်မယ်…. OS ကကော ဘယ်လို တက်လာမှာတုန်း…. ဒါကြောင့် ဒီလို လိုအပ်တဲ့ drivers တွေကို BIOS ထဲမှာ ထည့်သွင်းထားပြီး OS မတက်ခင် အသုံးပြုပါတယ်…. နောက်တစ်ခုက CMOS setup utility ပါ BIOS ထဲမှာ CMOS program လေး တစ်ပုဒ်ထည့်ထားပါတယ် အဲ့ဒီ ပရိုဂရမ်လေးကို အသုံးပြုပြီး ကျွန်တော်တို့ က boot order, date and time စသဖြင့် setting တွေ လုပ်လို့  ရပါတယ်…. အဲ့ဒီ CMOS လေးမှာ boot order တစ်ခါ ပေးထားရင် နောက် ဘယ်တော့မှ ထပ်ပေးဖို့  မလိုတော့ပါဘူး သူက ကွန်ပျူတာ ဖွင့်လိုက်တိုင်း ကိုယ်ပြောထားတဲ့ အစီအစဉ်တိုင်း boot လုပ်ပေးပါတယ် ဒီနေရာမှာ တစ်ခု စဉ်းစားရမှာက အဲ့လို boot order ကို ဘယ်နားမှာ သိမ်းထားလည်း ဆိုတာပါ အဲ့လို သိမ်းထားမှလည်း ကွန်ပျူတာ ဖွင့်လိုက်တိုင်းမှာ နောက်တစ်ခေါက် ပြောပေးဖို့  မလိုတော့ပဲ သူ့ ဘာသာ အလုပ်လုပ် နိုင်မှာကိုး…. အဲ့လို အချက်အလက်တွေကို NVRAM လို့ ခေါ်တဲ့ မားသားဘုတ်ပေါ်က chip တစ်ခုမှာ သိမ်းထားပါတယ်…. သူလည်း RAM လိုမျိုးပါပဲ charge မပေးထားနိုင်ရင် သိမ်းထားတဲ့ အချက်အလက်တွေ ပျက်သွားပါတယ်…. အဲ့ဒီ NVRAM အတွက် မားသားဘုတ်ပေါ်မှာ battery တစ်လုံး ပါပါတယ်…. သူ့ ကို CMOS battery လို့  ခေါ်ပြီး အဲ့ ဘက်ထရီက အားလေးနဲ့  NVRAM ကို charge ပေးနေပါတယ် သူအားကုန်သွားရင်တော့ မပေးနိုင်တော့ဘူးပေါ့…. ကျွန်တော်တို့  တစ်ခါ တစ်ရံမှာ ကွန်ပျူတာရဲ့ date က အမြဲတမ်း နောက်ကို ပြန်ပြန်ရောက်သွားတာ ကြုံကြပါတယ် များသော အားဖြင့် အင်တာနက်ဆိုင်မှာတော့ ကြုံရပါတယ် date က 2002 လောက်ကို အမြဲရောက်နေတော့တာပဲ ပြင်လိုက်လည်း ခဏပဲ နောက် ပြန်ဖွင့်တော့ အရင်တိုင်းပဲ 2002 ပဲ…. အဲ့ဒါက ခုန NVRAM လေးကို charge မပေးနိုင်တော့တဲ့ အတွက် CMOS setting တွေက factory default ဖြစ်ဖြစ်သွားတာပါ…. အဲ့ဒါဆိုရင် battery လဲ ပေးလိုက်ရင် NVRAM လေးက ပြန်ပြီး မှတ်နိုင်သွားမှာပါ….

 drivers တွေနဲ့  ပတ်သတ်ပြီး အသေးစိတ် ကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်ဗျာ

copy from =>booter's playground
နည်းပညာတိုးတက်စေရန်အလို.ငှာကူးယူဝေမျှခြင်းသာဖြစ်ပါသည်

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

0 comments:

Post a Comment