Monday, February 10, 2014

Learning Hardware Drivers

 


 Driver တွေနဲ့  ပတ်သတ်လို့  ကျွန်တော် သိထားတာလေးတွေ မျှဝေချင်လို့ ပါ…. Driver ဆိုတာကိုဘယ်နေရာမှာသုံးလည်းဆိုတော့hardware တွေကိုထိန်းချုပ် စေခိုင်းဖို့ သုံးရပါတယ် ဥပမာပေါ့ graphic card တစ်ခု ၀ယ်လာတယ် ဆိုပါတော့ အဲ့ကဒ်ကိုကွန်ပျူတာမှာတပ်လိုက်ရုံနဲ့  သုံးလို့  မရသေးပါဘူး.... driver အင်စတောလုပ်ပေးမှ သုံးလို့  ရပါတယ် ဘာဖြစ်လို့ လည်းဆိုရင် အဲ့ကဒ်ကို Operating System ( OS ) က ခိုင်းစေနိုင်အောင်ပါ….Driver က OS နဲ့  hardware ပူးပေါင်းအလုပ်လုပ်နိင်ဖို့  လုပ်ပေးပါတယ်…. ဒီလောက်ဆို driver ကိုရေးတေးတေးနားလည်နေပါပြီ…. သုံးနေရင်းပိုနားလည်လာမှာပါ…. တစ်ခါ တစ်ခါမှာကိုယ့်ကွန်ပျူတာမှာတစ်ခါမှ မတပ်ဖူးသေးတဲ့ စတစ်တစ်ချောင်းကိုတပ်လိုက်ရင် ချက်ချင်းတန်းမသုံးနိုင်သေးပဲ driver အင်စတောလုပ်နေတာကိုသတိထားမိမှာပါ…. Driver ဆိုတာဘာမှ ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူးသူလည်း software ပါပဲ…. Hardware ပစ္စည်းတိုင်းအတွက် driver လိုလားမလိုဘူးလား…. ကျွန်တော် လေ့လာမိသလောက်တော့ လိုပါတယ်…. ဒါပေမယ့် တစ်ချို့ သော hardware တွေက driver အင်စတောမလုပ်ပေမယ့် သုံးလို့  ရနေပါတယ်.... ဘာဖြစ်လို့ လည်းဆိုတော့ OS ( eg- windows, Ubuntu ) တွေမှာထည့်သွင်းပေးထားလို့ ပါ ကျွန်တော်တို့  windows 7 စထွက်ခါစကဆိုရင် driver အင်စတောလုပ်ပေးဖို့  မလိုပါဘူး.... သူစထွက်ချိန်မှာပေါ်နေတဲ့ hardware တွေရဲ့ driver တွေကို ကြိုတင် ထည့်သွင်းထားလို့ ပါ အဲ့ဒါကြောင့် windows 7 တင်လိုက်တာနဲ့  driver သက်သက် အင်စတောလုပ်ပေးရတာသက်သာပါတယ် ဒါပေမယ့် တဖြည်းဖြည်း ကြာလာလို့  နောက်ထပ် hardware တွေလည်းအသစ်ထွက်ရော windows 7 လည်း driver တွေ အင်စတောလုပ်ပေးရတော့တာပါပဲ….သိသာတဲ့ ဥပမာပေးရရင် ကျွန်တော့် ကွန်ပျူတာ windows 7 သုံးလို့  ရှိရင် driver က တစ်ဗြုတ်ကြီးသွင်းရပါတယ်…. Windows 8 လည်းတင်လိုက်ရော driver က တစ်ခုပဲလားမသိဘူးတင်ရတော့တယ် သက်သာလိုက်ခြင်းဟိဟိ….တစ်ခုရှိတာကတစ်ချို့ က ပြောကြတယ် Ubuntu က driver လုံးဝကို မတင်ရဘူးတဲ့ ဘယ်လိုမတုန်း Ubuntu က လပိုင်းလောက်နဲ့  version တစ်ခုထွက်နေတာကိုထွက်တိုင်းလည်း upgrade လိုက်လုပ်ကြတာများပါတယ် ၀င်းဒိုးကြတော့ နှစ်ကိုသုံးလေးခါ ပေါက်အောင် စောင့်မှ ဗားရှင်းအသစ် ထွက်တာပါ ထွက်တိုင်းလည်း Upgrade လုပ်တာရှားပါတယ် ခိခိဒီလိုဆိုတစ်ခုစဉ်းစားအုန်းမယ် ကျွန်တော်တို့  CMOS ထဲမှာ boot menu ရွေးတာကိုသိတယ်မလား…. အဲ့ဒီထဲကို ၀င်ဖို့  del key တို့  ဘာတို့  နှိပ်ပေးရပါတယ် ရွေးတာကိုကီးဘုတ်က မြှားလေးတွေနဲ့  ရွေးချယ်ပေးရပါတယ် အဲ့ဒီချိန်မှာကီးဘုတ်ကအလုပ်လုပ် နေပြီလေ…. သေချာစဉ်းစားရင် ၀င်းဒိုးတောင် မတက်သေးပဲကီးဘုတ်ကဘယ်က driver ရလို့  အလုပ်လုပ်တုန်း…. မကျေနပ်ရင် hardisk ကြီးဖြုတ်ထားလိုက် ကီးဘုတ်ကအလုပ်လုပ်နေသေးတယ် အဲ့တော့မှ ဂွ ဟီးဟီးသေချာတာတစ်ခုက hardware တိုင်းအတွက် လုံးဝ driver လိုတယ်…. ခုကဘယ်က driver နဲ့  အလုပ်လုပ် နေတာလည်းစဉ်းစားစရာပဲ…. BIOS ဆိုတာကို ကြားဖူးကြမှာပါ…. အဲ့ဒီ BIOS လေးကိုမားသားဘုတ်ပေါ်မှာထည့်သွင်းထားပါတယ် chip တစ်ခုပေါ့( အဲ့အကြောင်းနောက်ပိုင်းရေးအုန်းမှာပါ )…. သူ့ အလုပ်ကများတော့ များတယ် အဲ့ထဲကတစ်ခုက essential drivers တွေကိုထည့်သွင်းထားခြင်းပါ…. ၀င်းဒိုးမတက်ခင်မှာ သုံးလို့  ရနေဖို့  လိုအပ်တဲ့ ကီးဘုတ်, မောက်စ်, hardiskစတာတွေ အတွက် driver ကို BIOS ထဲမှာထည့်ထားပါတယ်…. ၀င်းဒိုးမတက်ခင် မလိုအပ်သေးတဲ့ printer တို့ လိုဟာမျိုးတော့ ထည့်မထားပါဘူး…. ဘာလို့ ထည့်မထားလည်းဆိုရင် BIOS ကိုထည့်သွင်းထားတဲ့ ROM chip လေးက size က အများကြီးမရနိုင်ပါဘူး 256 KB ၀န်းကျင်လောက်ပဲ ရတယ်လို့  ဖတ်ရပါတယ်…. နောက်တစ်ခုပြောစရာကျန်ပါသေးတယ် graphic card တို့  ဘာတို့ ပေါ့ သူတို့အတွက် driver ကိုတော့ BIOS မှာထည့်သွင်းမထားပါဘူးဒါပေမယ့် သူလည်းသုံးလို့  ရနေပါတယ် ၀င်းဒိုးမတက်သေးပဲ….လာပြန်ပြီဘယ်နားကယူပြန်ပြီလည်းမသိဘူး…. ဟီးဒီတစ်ခါတော့ ကိုယ့်ထဲကိုယ်ပြန်နှိုက်တာဗျ ကျွန်တော်တို့  graphic card ပေါ်မှာchip လေးတစ်ခုထည့်ထားပါတယ် အဲ့ chip ထဲမှာ driver ကိုထည့်သွင်းပေးထားပါတယ်  ဒါကြောင့် ၀င်းဒိုး မတက်ပဲ graphic card ကိုသုံးလို့  ရနေပါတယ် ဒါပေမယ့် ပြောခဲ့သလိုပဲ ROM chip များသည် ဈေးကြီးတဲ့ အတွက် သုံးလို့  ရရုံပဲ chip ထဲမှာထည့်ပေးထားပြီးအပြည့်အ၀ သုံးနိုင်ဖို့ တော့ ၀င်းဒိုးထဲမှာ driver အင်စတောထပ်လုပ်ပေးရပါမယ်…. အခုအားလုံးကို ပြန်ခြုံငုံကြည့်ပါမယ်…. Driver ရှိတဲ့ နေရာတွေက windows ထဲမှာရယ် BIOS chip ထဲမှာရယ် hardware တွေရဲ့ chip ထဲမှာရယ် သုံးနေရာရှိပါတယ်…. ၀င်းဒိုးထဲမှာ ရှိရင်တော့ အပြည့်အ၀ ရှိတာပါ driver ထပ်အင်စတောလုပ်ပေးဖို့  မလိုပါဘူး chip တွေထဲမှာဆိုရင်တော့ သုံးလို့  ရရုံရှိတာပါ ထပ်အင်စတောလုပ်ပေးရပါမယ်…. အခုဆို driver တွေရဲ့ သဘောတရားသီအိုရီလေးတွေ သိနေပါပြီဆက်ပြီးတော့ ကိုယ့်ကွန်ပျူတာမှာဘယ်ပစ္စည်းက driver အင်စတောလုပ်ပေးဖို့  လိုလည်းဆိုတာ ကြည့်ကြပါမယ် နေရာကတော့ device manager မှာပါ အဲ့ဒီမှာကွန်ပျူတာမှာတပ်ဆင်ထားသမျှ ပစ္စည်းတွေကို ပြထားပါတယ်…. RUN >devmgmt.msc ကနေသွားလိုက်ပါ….




အဲ့ဒီမှာhardwareတွေ အကုန် အဆင်ပြေနေတယ် driver တွေ အကုန် ရှိနေတယ်ဆိုရင် အပေါ်ကပုံလေးအတိုင်း ပြမှာပါ….အဲ့တော့ ကိုယ့်စက်မှာ driver စုံလားမစုံဘူးလားဆိုတာဒီနေရာလေးမှာလာကြည့်နိုင်ပါတယ်…. Hardware တစ်ခုခု driver တင်ပေးဖို့  လိုရင် !လေးနဲ့  ပြထားပါလိမ့်မယ် ဒါဆိုအဲ့ဒါလေးကို driver ရှာဖွေ တင်ပေးလိုက်ပါ…. ကွန်ပျူတာ ၀ယ်တိုင်း motherboard driver cd ဆိုတာပေးပါတယ် အဲ့ဒါလေးကိုမပျောက်ပါစေနဲ့  အဲ့စီဒီလေးကကွန်ပျူတာအတွက် လိုအပ်တဲ့ driver တွေအကုန် ထည့်ပေးထားတာပါ အကယ်လို့ များအဲ့စီဒီပျောက်သွားခဲ့ရင်တော့ ကိုယ့်ကွန်ပျူတာရဲ့ Motherboard brand နဲ့  model ကိုသိအောင် လုပ်ပြီးသက်ဆိုင်ရာ ၀က်ဆိုက်မှာ driver တွေ ဒေါင်းလုတ် သွားဆွဲနိုင်ပါတယ်…. Motherboard က ဘာအမျိုးအစားလည်းဆိုတာ ကြည့်ကြပါမယ် CMD ထဲမှာsysteminfoလို့  ရိုက်လိုက်ပါ….. အဲ့ထဲကsystem manufacturer ဆိုတာမားသားဘုတ် brand ပါ system model ကတော့ model ပေါ့….


Brand က ASUS , model က K84L ပါ အဲ့ဒါကိုဂူးဂဲမှာ ASUS K84L driver လို့  ရိုက်ရှာလိုက်ရင် ပထမဆုံးဆိုက်မှာပဲ driver တွေ ရနိုင်ပါလိမ့်မယ်…. အဲ့လိုဒေါင်းလုတ် မဆွဲနိုင်ဘူးဆိုရင်လည်း driver pack solution စီဒီနဲ့  ကိုယ့်ကွန်ပျူတာအတွက် လိုအပ်တဲ့ driver တွေကိုထည့်သွင်းနိုင်ပါတယ် ဘာမှ မခက်ပါဘူး driver pack solution program ကိုဖွင့်ပေးလိုက်ရင် သူ့ ဘာသာလိုအပ်တဲ့ driver တွေ ထည့်သွားပါလိမ့်မယ်….နောက်ပြီး driver ကလည်း backup လုပ်ထားလို့  ရတယ်ဗျ driver pack solution စီဒီထဲမှာ backup program ပါပါတယ် အဲ့ဒါလေးနဲ့  backup လုပ်ထားလိုက်ရင် နောင်အခါ ၀င်းဒိုးအသစ်တင်ရင် အဲ့ဒီ backup ဖိုင်လေးကိုဖွင့်ပေးလိုက်တာနဲ့  လိုအပ်တဲ့ driver တွေ သူက ပြန်သွင်းပေးပါလိမ့်မယ်….အခု driver နဲ့  ပတ်သတ်တာတော်တော် များများသိသွားပြီလို့  ထင်ပါတယ်အားလုံးအဆင်ပြေပါစေ ကျွန်တော်ညံ့ဖျင်းတာရှိသင်ပေးနိုင်ပါသည်။

copy from =>booter's playground
နည်းပညာတိုးတက်ပြန့်ပွားစေရန်အလို.ငှာ ကူးယူဝေမျှခြင်းဖြစ်ပါသည်

     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ

1 comments:

Post a Comment